အသင်းတော် ၏ ယုံကြည်ချက်
နှင့်
အခြေခံ ဖွဲ့စည်းပုံများ
-------------------------------------
ခေါင်းစဥ်
ဘာတီမိုလ် မြန်မာ ခရစ်ယာန် အသင်းတော်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏
။
ယုံကြည်ချက်များ (Statement of Faith)
အသင်းတော်၏ သုံးပါးတစ်ဆူ လက်ခံခြင်း
အသင်းတော်၏ ပွဲတော်မင်္ဂလာပေးခြင်း။
အသင်းတော်၏အခြေခံ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်း
(၁) အသင်းတော်အမည်နှင့်တည်နေရာ။
(၃) အလုပ်အမှုဆောင်များ (Executive
Committee)
(၈) အလုပ်အမှူဆောင်များ၏ တာဝန်နှင့်ဝတ္တရား
(၉) အသင်းတော်အမည်နှင့်တည်နေရာ။
(၁၁) သင်းအုပ်ဆရာ၏ ခံစားပိုင်ခွင့် ။
(၂၃)အသင်းသူ၊ အသင်းသားများ၏တာဝန်
အသင်းတော်၏စည်းမျဉ်း၊ စည်းကမ်းများ
(၄)သင်းအုပ် ဆရာ အဖြစ်မှ ရပ်နားခြင်း
(၁၅) အသင်းသား အဖြစ်မှ ရပ်နားခြင်း
(၁၆) အလုပ်အမှုဆောင် ဖွဲ့စည်းခြင်း
(၁၈) အလုပ်အမှုဆောင်များအဖွဲ့၏ ဝတ္တရား
(၁၉) အသင်းတော် လူကြီးများနှင့် လုပ်ပိုင်ခွင့်
(၂၂) အသင်းတော်၏ Sunday School ကလေးများ
(၂၃) အသင်းသူ/သား များ၏ တာဝန် ။
(၂၅) အသင်းတော်၏ အထွေထွေ ဆုံးဖြတ်ချက်များ
ဤ အသင်းတော်သည် Baltimore, Maryland, USA ၌ 05/02/2015 နေ့ တွင် စတင် တည် ထောင်ခဲ့
ကြပါသည်။ ယခင်က American Myanmar Baptist Church အမည်ပေးခဲ့သာ်လည်း 06/16/2017 နေ့မှစ၍ Myanmar Christian Church
Baltimore အဖြစ်
ပြောင်းလဲ ကြပြီး 02/24/2018 နေ့တွင် ပြည်နယ် အစိုးရထံမှ တရားဝင် မှတ်ပုံ
တင်ခဲ့ကြပါသည်။
အသင်းတော် ( MCCB )၏ အဓိက ရည်ရွယ်ချက်မှာ၊ မြန်မာလူမျိုးတိုင်း၊
ခရစ်တော်၏
သတင်းကောင်းအား မြန်မာစကားဖြင့်
နားထောင်နိုင်ရန် ၊ မြန်မာယုံကြည်သူတိုင်း အတူတကွ ဝတ်
ပြုစည်းဝေး
ချီးမွမ်း ကိုးကွယ်နိုင်ရန်နှင့် Baltimore area ရှိ မြန်မာစကားပြောနိုင်သော မယုံ
ကြည်သူများထံ သတင်းကောင်းဝေဌရန် ဖြစ်သည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ၊
အသင်းဝင်သူများအားလုံး အတူတကွ ကြီးထွားရင့်
ကျက်သော အသက်တာရရှိလာကြ ပါရန်နှင့် အသင်းသူ၊
သား များ၏ သာရေး ၊ နာရေး များ ၌လည်း အတူတကွ ဝိုင်းဝန်း ကူညီ ဦးဆောင်ပါဝင်
လုပ်ဆောင်ကြပါရန် ဖြစ်သည်။
ဘာတီမိုလ်
မြန်မာ ခရစ်ယာန် အသင်းတော်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။
နာမည်
။ __________________ လ
။ __________________
ယခု ကဲ့သို့ မြန်မာ ခရစ်ယာန် အသင်းတော်၌ အသင်းသား အဖြစ်ပါဝင်သောကြောင့် အသင်းတော်မှ
လှုဲလှဲစွာကြိုဆိုပါသည်။ သင်နှင့်သင်၏ မိသားစုများ အသင်းတော်၌ ပါဝင်ခြင်းအားဖြင့် သင်၏မိသာစု
အတွက်အကျိုးရှိ
သလို အသင်းတော်အတွက်လည်း များစွာအကျိုးရရှိပါသည်။ အသင်း
တော်နှင့် ယုံကြည်သူ အသင်းသားများသည်
အပြန်အလှန်အကျိုးပေးကြပါသည်။အသင်းတော်ကောင်း
လျှင် အသင်းသားများလည်းဝမ်းမြောက်၍အသင်းသားများ
ကောင်းလျှင် အသင်းတော်ကလည်း အကျိုးခံစားရပါသည်။
မြန်မာ ခရစ်ယာန် အသင်းတော်သည်
ဘုရားသခင်၏အလိုတော်ဖြစ်သောလူတိုင်းကယ်တင်
ခြင်းသို့ရောက်၍သမ္မာတရားကိုသိစေခြင်းငှါ၊ကယ်တင်ခြင်းနှင့် သမ္မာတရားကို ဟောပြောနေသော အသင်း
တော်ဖြစ်ပါသည်။ထိုအမှုတော်မြတ်ကို တဦးတယောက်တည်းဖြင့်ဆောင်ရွက်၍ မရပါ။ ထို့ကြောင့် အသင်း
တော်မှဆုတောင်းခြင်း၊တရားဟောခြင်း၊သင်တန်းပေးခြင်း၊အလှူငွေအားဖြင့် ပါဝင်ခြင်း၊သက်သေခံခြင်းဖြင့်
အစပြုနေကြပါသည်။တနင်္ဂနွေ မနက် ၁၀ နာရီမှ ၁၂း၃၀၀ အထိ အသက်ရှင်သော ဘုရားသခင်အား ချီးမွမ်
းခြင်းနှင့် ဝတ်ပြုခြင်းအစီအစဉ်များရှိပြီး Sunday school ကလေးသူငယ် များကိုလည်း တန်းခွဲ သင်ပေးခြင်း
များ ရှိပါသည်။ ထိုအရာများအပြင် အိမ်တိုင်ရာ
ယောက် စနေနေ့ညနေ အမျိုးသမီး
ဆုတောင်းခြင်းအစီအစဉ်နှင့်တကွမိဿဟာရ အစည်းအဝေး
များလည်း အပါတ်စဉ်ြ့ပုလုပ်လျှက်ရှိပါသည်။ ထိုအစီအစဉ်များ၌လည်း ပါဝင်ဆက်ကပ်လာပါရန် တိုက်တွန်
းလိုပါသည်။
Sunday နေ့တွင်လည်း အသင်းတော် လူကြီးများ အချို့
လိုအပ်သလို ယုံကြည်သူများအိမ်သို့လည်ပါတ် ဆုတောင်းပေးခြင်း
အစီအစဉ်လည်းရှိပါသည်။လာရောက်
ပါဝင်ရန် ထပ်မံ တိုက်တွန်း အပ်ပါသည်။မြန်မာ
ခရစ်ယာန် အသင်းတော်သည်အမေရိကန်ပြည်
ထောင်စု၌ ၂၀၁၅ ခုနှစ် မေလ ၂ ရက်နေ့တွင်Baltimore မြို့ မှ စတင်ခဲ့ ကြပါသည်။
အသင်းသားများ
သည် လူနည်းစုဖြစ်သော်လည်း ဘုရားအမှုတော်
မြတ်၌တတ်နိုင်သည့် ဘက်ကနေ ပါဝင်ဆက်ကပ် ကြပါသည်။
ခရစ်တော်ကိုယုံကြည်လက်ခံပြီးသူတိုင်း သူတပါးအတွက် အလင်းဖြစ်ပြီးလောက၏ ချည်နှောင်
ခြင်းတည်းဟူသော ၊လူမျိုးစွဲ၊ဘာသာစွဲ ၊ အသင်းတော်စွဲ စသည့် ဝါးဒစွဲမှ လွှတ်ခြင်း အခွင့်ရရှိရန် လိုအပ်ပါသည်။ ခရစ်တော်က ယုံကြည်သူများကိုသိမ်းဆည်းမည့်အချိန်လည်း အလွန်နီး
လာပြီဖြစ်သော ကြောင့် ဝိညာဉ်ရေးရာ၌ ကြီးထွားရင့်ကျက်၍ ပျောက်ဆုံးသော ဝိညာဉ်များ ဖမ်းခြင်း၌
ပါဝင်ဖို့ လှိုက်လှဲစွာ
ကြိုဆိုပါသည်။
အသင်းတော်၏ ဝတ်ပြုခြင်း အစီအစဉ် များ သည် အောက်ပါ အတိုင်းဖြစ်သည်။
Sunday Main Service |
10:00am |
12:30 pm |
Sunday Evening, Youth English Service |
5:30PM |
7:00pm |
Saturday Night Home Cell: |
6:00PM |
8:00 Pm |
Wednesday Prayer: |
6:00 PM |
8:00 Pm |
ဆရာ
ဒေးဗစ်လီဗင်စတုန်း (သင်းအုပ်ဆရာ)
____________________________
ယုံကြည်ချက်များ (Statement
of Faith)
၁. အသင်းတော်သည် ၊ ခရစ်တော်ဘုရားတည်ထောင်သော
အသင်းတော်ဖြစ်သည်။ (Mt 16: 18 )
၂. အသင်းတော်သည် ၊ ခရစ်တော်၏ ခန္ဓာ ဖြစ်သည်။
ထိုခန္ဓာတွင် ယုံကြည်သူများသာလျှင်ပါဝင်
သည်။ (Gala1:18,
Eph 1:23)
၃. သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်တော်
ထွက်စကားဖြစ်သည်။( 2Ti
3:16,2 Peter 1:21)
၄. ဘုရားသခင်သည် သုံးပါးတစ်ဆူသော ဘုရားဖြစ်သည်။ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော
ဝိညာဉ်တော် သုံးပါးတစ်ဆူ ဖြစ်သည်။ ( Mt 28:19, Mark 1:11, 1Cor 12:4-6, Act 2:23,
Jeri 8:28 -29, Mt 3:6-17, 1 Peter 1:2) 1:12, 11:25, Act 4:12,Rom 6:23,8:1,11, Eph
2:8-9,Gala 2:13-14)
၆.သခင်ယေရှုခရစ်တော်သည် အပျိုကညာ မာရိ ဝမ်းမှ
သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏တန်ခိုး
တော်
အားဖြင့် မွေးဖွားခဲ့သည်။ matt
1:16
၇. သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့
အပြစ်ရှိလူသားများ အားလုံး အတွက် အသေခံကာ
သုံးရက်မြောက်နေ့ ၌ ထမြောက်ပြီး ၊ ခန္ဓာဖြင့် ကောင်းကင်သို့တက်သွားသည်။ ( 1cor15:3-4
Mat 27:77, Mark
15:16-18, Luk 23-24:25,John 19-21:77, Act 1:1-5၊ Luk 24:46)
၈. ခရစ်တော်သည် တဖန်ပြန်လည် ကြွဆင်းလာမည်။ (Act 1:1-11,Mat 24:42-44,Mark 13:
32-33, luke 12: 40, 1Cor 16: 22, Phi 3:20, Tit
2:12-13,2Peter 3:10)
၉. အသင်းတော်သည် ဘုရားသခင်၏ ကယ်တင်ခြင်း
သတင်းကောင်းအား ဖြန့်ဝေရန်ဖြစ်သည်။
( Mat 28:19-20,Mark
13: 10, Luke 24:47,Act 10:42
၁၀. နှစ်ခြင်းမင်္ဂလာသည် ခရစ်တော်၏ သေခံခြင်း၊
သဂြိုလ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအား ပုံဆောင်
ပြီး၊ ခမည်းတော်နဲ့ သားတော်၊သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာ
ခံယူရမည်။
(Matt 3:16,28:19,
Eph 4:4-6)
၁၁. ပွဲတော်မင်္ဂလာသည် ခရစ်တော်နှင့် သူ၏
လုပ်ဆောင်ပေးခဲ့သော အမှုများအား အောက်မေ့ သတိ
ရခြင်းဖြစ်သည်။ (Matt
26:26-28, Luke 22:14-20, 1Cor 11:23-24)
၁၂. အသင်းတော်၌ မင်္ဂလာဆောင်ခြင်းသည် ယောကျ်ားနှင့်မိန်းမ သာဖြစ်ရမည်။(Gen 2:23-24
Mat 19:4-6, 1Cor
7:12-14, 36-38)
အသင်းတော်၏ သုံးပါးတစ်ဆူ လက်ခံခြင်း
ဤအသင်းတော်သည် သုံးပါးတစ်ဆူ ဘုရား ဖြစ်ခြင်းကို ယုံကြည် လက်ခံပါသည်။
ဘုရားသခင်သည် သုံးပါးတစ်ဆူ ဘုရား ဖြစ်သည်။ သုံးပါးတစ်ဆူ ဘုရား နှင့်ပါတ်သက်၍ ခမည်းတော် ဘုရား
သည် စီမံသူဖြစ်၍ (တမန် ၂း၂၃၊ ယော ၈း၂၈-၂၉) ၊ သားတော်ဘုရားသည် စီမံချက်များကို အကောင်အထည်
ဖော်သူ( ယော ၅း၃၆)၊ နှင့်
သန့်ရှင်းသော ဝိညာဉ်တော် ဘုရားသည် ဖွင့်ပြသော
သူဖြစ်ကြောင်း(ယော၁၆း၁၃) တို့တွင် တွေ့ရသည်။ ဤကဲ့သို့ လုပ်ဆောင်ချက် အခန်းကဏ္ဍကို ကြည့်ခြင်းဖြင့် ၊
သုံးပါးတစ်ဆူ ဘုရားကို
ကွဲပြားခြားနားစေရန် ရှာဖွေခြင်း မဟုတ်သကဲ့သို့
၊
အဆင့်အတန်း၊အခြေအနေ၊ဂုဏ်အရည်အချင်း ကွဲပြားကြောင်း ဖော်ပြခြင်းမဟုတ်ပေ ။သုံး(၃) ပါးစလုံးသည်
ဘုရားဖြစ်ပြီး ၊ အဆင့်အတန်း၊အခြေအနေ၊ဂုဏ်အရည်အချင်းတန်းတူဖြစ်
သော၊ တစ်လုံးတစ်ဝ တည်းသော ဘုရားဖြစ်သည်။
နှုတ်ကပတ်တော် သမ္မာကျမ်းစာ လေ့လာရာတွင် ၊ သုံးပါးတစ်ဆူဖြစ်ခြင်း တိုက်ရိုက်
ရေးသားဖော်ပြခြင်း မတွေ့ရသော်လည်း ၊လုပ်ဆောင်ခြင်း ကဏ္ဍများကို လေ့လာခြင်း အားဖြင့် သုံးပါးတစ်ဆူ
ဘုရား ဖြစ်ခြင်းကို တွေ့ရှိနိုင်ပါသည်။
ဘုရားသခင်သည် ကမ္ဘာဦးကျမ်း အစတွင်ပင်
မိမိကိုယ်ကို သုံးနှုန်းရာ၌ ၊အများကိန်းကို သုံးနှုန်း
ထားပါသည်။ “ ငါတို့ ပုံသဏ္ဍာန်နှင့်တစ်ညီ’’ (က
၁း၂၆)၊ ဟုဆိုရာ၊ “ငါတို့’’ ဟူသော စကားသည် တစ်ဦး
ထက်ပိုသော စကားဖြစ်ကြောင်း ကို
ရည်ညွန်းထားပါသည်။ (က ၁၁း၇၊ ၁၈း၁) ၊ထို့အပြင်ခရစ်တော်
သည် ဗတ္တဇံကို ခံယူစဉ်တွင် ၊ သုံးပါးတစ်ဆူ ဖြစ်ခြင်းကို ပို၍ မြင်စေခဲ့ပါသည်။( မ
၃း၁၆-၁၇)။
(က) ခမည်းတော်ဘုရား (father)
ခမည်းတော်ဘုရားသည် ကြံစည်သူဖြစ်သည်။(တ ၂း၂၃၊ယော ၈း၂၈-၂၉)။ ယေရှု
ခရစ်တော်ဘုရား၏ လောက၌ အမှုတော်ဆောင်စဉ်အခါ ၊ သုံးနှုန်းသော စကား၌ “ငါ့ခမည်းတော် ၊ ခမည်း
တော်’’ဟုဆိုလေ့ရှိသည်။ “ငါ့ခမည်းတော်သည်၊ ယခုတိုင်အောင် အလုပ်လုပ်တော် မူသည်
ဖြစ်၍ ’’ (ယော ၅း၁၇) ဟု၎င်း၊ထို့အပြင်(ယော ၅း၄၅) တွင် ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကို အပြစ်တင်
မည်ဟု မထင်ကြနှင့် စသော ကျမ်းပိုဒ်အပြင်၊ (ယော ၁၄း၉ ၊ ၁၄း၆-၇ ၊ မဿဲ ၂၈း၁၉ ၊ မိက္ခ ၁၃း၃၂ ၊
၁ကော ၈း ၆ ၊ ယော ၂၀း၁၇ ၊မဿဲ ၁၁း၂၇) တို့တွင်လည်းတွေ့ရပြီး ၊ တမာန်တော်များ၏ ကျမ်းစာစောင်
များ၌လည်း ၊ ခရစ်တော်ဘုရား၏ခမည်းတော်၊ သခင်ယေရှုခရစ်နှင့် ငါတို့ အဘ တည်းဟူသော ဘုရားသခင်
ထံ’’ စသော တမန်တော်များ၏ စကားချီများတွင် တွေ့ရလေ့ရှိသည်။
(ခ) သားတော်ဘုရား( ယေရှု ခရစ်တော် ဘုရား)။ (The son of God)
လူ့ဇာတိခံ ယူထားသော ယေရှု ခရစ်တော် ဘုရားသည် ၊ လူသူတော်ကောင်းမှ ဘုရားဖြစ်ခြင်း
မဟုတ်ပေ။ ဘုရားအဖြစ်မှ၊ လူ့ဇာတိခံယူသော ဘုရားဖြစ်သည်။ ( ယော ၁း၁,၁၄၊ ၁၄း၈-၉၊ဟေ ၁း၃)
၊ အရာခပ် သိမ်းမရှိမှီ တည်ရှိသော ဘုရားဖြစ်ပြီး ဖန်ဆင်းရှင်ပင် ဖြစ်ကြောင်းကို တွေ့ရပါသည်။ “
ထိုသားတော်သည် ကောင်းကင်အောက် မြေကြီးပေါ်မှာ ရှိသမျှသော ရှုပအရာ ၊ အရှုပအရာ ၊
ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊အထွန် အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊
ခပ်သိမ်းသော အရာတို့ကို
ဖန်ရှင်းတော်မူ၏ဟု ဖော်ပြထားပါသည်။(ကော ၁း၁၆)။
ယေရှုခရစ်တော် ဘုရားသည် ၊ ခမည်းတော်၏
အကြံ အစည်အားအကောင်းအထည်
ဖော်ပြဆောင်ရွက်သောသူဖြစ်သည့် အကြောင်းကို တွေ့ရပါသည်။ (ယော ၈း၂၈-၂၉)။ ဘုရား
သခင်၏ စီမံကိန်း တွင် ခရစ်တော်၏ လူသားများအား ကယ်တင်ခြင်းပြုမည်အကြောင်းအား
ကမ္ဘာဦးကျမ်းတွင်ပင် တွေ့ရှိရသည့် အပြင်ခရစ်တော်ဘုရားသည် အကောင်အထည် ဆောင်ရွက်
သူဖြစ်ကာ လူသားများ အတွက် ဘုရားသခင်၏ အကြံစည်ကို ပြည့်စေသောသူဖြစ်သည်။
လူသားများ ကြုံတွေ့ ခံစားရမည့်
သေခြင်း(သေပြစ်) အတွက် ခံပေးခဲ့ကြောင်း တွေ့ရသည်။
(၁ပေ ၂း၂၄၊၂ကော ၅း၂၁)၊ ရွေးနှုတ်ပေးသူဖြစ်ကြောင်းကို ၊(ကော
၁း၁၃-၁၄၊ကော ၆း၂၀၊ရော ၃း၂၃-၂၅)၊
ပြန်လည် သင့်မြတ်စေသူ ဖြစ်ကြောင်း ၊ ( ရော ၅း၁၀ ၊ ဧဖက် ၂း၃ ၊ ၂း၄-၅ ၊ ၂း၁၄-၁၅ ၊၂ကော ၅း၁၈-၂၁)၊
ထာဝရ ယဇ်ပုရော ဟိတ်ဖြစ်ကြောင်း ( ဟေဗြဲ ၅း၄-၁၀ ၊ ၇း၅-၂၈ ၊ ၂ း ၁၇ ၊ ၄း ၁၄-၁၅ ၊ ၆း ၂၀၊
၇း၃-၂၄)၊သိုးထိန်းကြီး ဖြစ်ကြောင်း (ယော ၁၀း ၁၁-၁၆ ၊ ဟေဗြဲ ၁၃း၂၀ ) ၊ အသင်းတော်၏ ဦးခေါင်း
အဖြစ်( ဧဖက် ၁း၂၂ - ၂၃ ၊ ၄း၁၅ ၊ ၅း၂၆-၂၇ ၊ ကော
၁း၁၈ ၊ ၁ကော ၁၂း၁၃၊ ဗျာ ၁၉း၇-၁၆ ) ၊ ဒုတိယအ
ကြိမ် ဘုရင်တကာ တို့၏ ဘုရင် ၊သခင်တကာ တို့၏ သခင် အဖြစ် ကြွလာမည့် ဘုရားဖြစ်ကြောင်းကို
တွေ့ရသည်။ (ဗျာ ၁၉း၁၁-၁၆ ၊ ၁၇း၁၄ ၊ ၁း ၅
)။
(ဂ) သန့်ရှင်းသော ဝိညာဉ် ဘုရား။( the holy Spirit)။
သန့်ရှင်းသော ဝိညာဉ်တော် ဘုရားသည်၊ သုံးပါတစ်ဆူအနက် တပါးဖြစ်သည်။ ၎င်း၏ဖြစ်သည် မှုသည်
ဘုရားသခင်၏တန်းခိုး (ဝါ) ဘုရားသခင်၏ လှုပ်ရှားမှုတို့ကို ပြဆိုရာတွင် အသုံးပြုသော ဘွဲ့နာမ တစ်ခု
သက်သက် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ် ဘုရား ဖန်ဆင်းခြင်းအစ ကနဦးကပင် ပါဝင်ကြောင်းကို
တွေ့ရသည်။(ကမ္ဘာ ၁း၂ ၊ယောဘ ၃၃း၄ )၊၊ အထူးသဖြင့် ခရစ်တော်ဘုရား၏ လုပ်ဆောင်မှု ကဏ္ဍတွင်
ဝိညာဉ်တော် ဘုရား၏ တန်းခိုးပေး လုပ်ဆောင်ခြင်းများကို များစွာတွေ့ ရသည့်အပြင်၊ တမန်တော်များ၏
လက်ထက်တွင်လည်း ထင်ရှားစွာ လုပ်ဆောင်ခဲ့ကြောင်းတွေ့ ရပါသည်။ ( ၁ကော ၁၃း၁၂ ၊ ၂း ၁၂-၁၆ ၊လု
၁၂း၁၁-၁၂ ၊ ဟေဗြဲ၃း၇ -၈ ၊ တမန် ၈း၃၉ ၊
လု ၄း၁၈ ၊ ၁း၂၇-၃၅၊။
သန့်ရှင်းသော ဝိညာဉ် ဘုရားသည်
ယုံကြည်သူများအား ချီဆောင်ခြင်းကာလနေ့ရက်တိုင်
အောင်တံဆိပ်ခပ် ထားသော ဘုရားအဖြစ်တွေ့ရသည်။ ( ဧဖက် ၁း ၁၃-၁၄)။ ထိုသူသည် ယုံကြည်သူ
များအားနှုတ်ကပါတ်တော်နှင့် ဘုရားအလိုတော်ကို ဖွင့်ပြခြင်းများ ပြုလုပ်ပေးကြောင်း ( ယော ၁၆း၁၃
၊မိက္ခ ၃း၈၊မဿဲ ၂၂း၄၂-၄၃ ၊တမန် ၁း၁၆ ၊ ၄း၂၄-၂၅ ၊၂၈း၂၅-၂၆) ၊ လမ်းညွှန်မှုပေးခြင်း (တမန် ၁၆း၆-၁၂ )၊
နားလည်
သဘောပေါက် စေသော ဘုရား ( ၁ကော ၁၂း၁၁၊၁၃း၁၂)၊နှုတ်ကပါတ်
တော် ကို မှုတ်သွန်းကြောင်း(၁ပေ ၁း၂၁၊ ၂တိ ၃း၁၆-၁၇၊ တို့တွင် တွေ့ရသည်။ ဝိညာဉ်တော် ဘုရားသည်
ယုံကြည်သူများအား မစကူညီသော ဘုရားဖြစ်သည့် အလျှောက် ( ရောမ ၈း၂၆-၂၇) ၊ ဝိညာဉ်တော် အား
စိတ်နာစေခြင်း မခံရကြောင်းကို(မာ ၃း၂၉၊ ဧဖက် ၄း၃၀ ၊ဟေရှာ ၆၄း၁၀)၊
တို့တွင် တွေ့ ရသည်။
သုံးပါးတစ်ဆူ ဘုရားသည် တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ဘုရားသခင်၏ အတွင်းပိုင်းကျကျ
လုပ်ဆောင်ချက်တို့၏ သဘောသဘာဝအား မသိရှိနိုင်သကဲ့သို့ သုံးပါးတစ်ဆူ ဝေါဟာရ စကားကို ၊ပြည့်စုံစွာ
အဓိပ္ပာယ်ပွင့်ဆိုရန် ခက်ခဲလှ ပါသည်။
အသင်းတော်၏
ပွဲတော်မင်္ဂလာပေးခြင်း။
၁ကော ၁၁း၁၇-၃၄၊တမန် ၂၀း၇ ၊၂း၄၂၊မဿဲ ၂၆း၂၆-၂၈၊မာကု
၁၄း၂၂-၂၄၊လု ၂၂း၁၇-၂၀
Ø ပွဲတော်ပေးနိုင်သူ ။ ။
အသင်းတော် ဓမ္မဆရာ (Pastors)
များ။
Ø ပွဲတော်ကို စတင်သူ ။ ။ခရစ်တော်ဘုရားကိုယ်တော်တိုင်စတင်လုပ်
ဆောင်။(မဿဲ ၂၆း၂၆-၂၈၊မာကု ၁၄း၂၂-၂၄၊လု
၂၂း၁၇-၂၀)
Ø ပွဲတော် မင်္ဂလာ၏ အဓိက
လုပ်ဆောင်ချက် ။ ။ ခရစ်တော် ဘုရား၏လူသားများ
အတွက် ပေးဆပ်ကျိုး ပဲ့ခဲ့သော ခန္ဓာနှင့်သွန်းတော်မှုသော အသွေးတော် တန်ခိုး
၊လုပ်ဆောင်ချက်များကို ပြန်လည် အောက်
မေ့သတိရ ကျင်းပခြင်း ဖြစ်သည်။
Ø မည်သည့်အချိန် ။ ။
(တမန် ၂၀း၇ )တွင်ခုနှစ်(၇) ရက်တွင်
ပဌမ နေ့ရက်ဟု ဖော်ပြထားသည်။
(လု ၂၂း၁၉) တွင် “ငါ့ကိုအောက်မေ့ဖို့ရာ၊ဤသို့
ပြုကြလော့’’ (၁ကော ၁၁း၂၄-၂၅ ) - “ငါ့ကိုအောက်မေ့ဖို့ရာ၊ဤသို့ပြုကြလော့’’ (၁ကော ၁၁း၂၆) သင်တို့
သည် ထိုမုန့်ကိုစား၍ ၊ထိုခွက်ကို သောက်သော အခါခါ ၊ သခင်ဘုရား အသေခံတော်အမှုခြင်းကို ကြွလာတော်
မမှူမှီတိုင်အောင် ပြုကြလော့ ။ဤ ပွဲတော်မင်္ဂလာသည် သခင်ယေရှုခရစ်တော် စတင်ပေးသော ၊ ယုံကြည်
သူများ လုပ်ဆောင်ရမည့်ကျင့်ဝတ်တစ်ပါးဖြစ်သည်။ခရစ်တော်၏ လုပ်ဆောင်ပေးခဲ့သော အမှူကို အောက်
မေ့ သိတရ ဆင်ခြင်လျက်၊ ကြွလာတော်မမှူမှီတိုင်
အောင်ပြု လုပ်ရန်ဖြစ်သည်။ ပွဲတော်မင်္ဂလာ သုးံဆောင်ရခြင်းသည် ခရစ်တော် အမှန်တကယ် လုပ်
ဆောင်ပေးခဲ့ကြောင်း ထင်ရှားစေသော
အချက်လည်းဖြစ်သည်။
သို့သော် အသင်းတော်၏ ကွဲပြားခြားနားခြင်တွင် ၊ လုပ်ဆောင်ပုံ အနည်းငယ်ကွဲပြားကြသည်။
အချို့အသင်းတော်တွင် အပါတ်စဉ် ပြုလုပ်ကြသည်။အချို့သည် တစ်လတကြိမ်ပြုလုပ်ကြသည်။
အချို့တွင် လခြား ပြုလုပ်မှု ရှိသည်။အမှန်ဆုံးဟူ၍ မခွဲခြားပါ။ သို့သော် ပွဲတော် မင်္ဂလာ၏ ရည်ရွယ်
ချက်မှာ ခရစ်တော်၏ ပြုခဲ့သော အမှုကို အောက်မေ့သော အခါခါတွင်ဟု ဆိုရာ ၊ အသင်းတော်၏
ခံယူခြင်သော ပုံစံသာ အဓိက ကျနေမည် ဖြစ်သည်။
ဗတ္တိဇံ
(နှစ်ခြင်း) မင်္ဂလာ
ဗတ္တိဇံ (နှစ်ခြင်း)မင်္ဂလာ ဟူသောစကားလုံးသည်
ဂရိဘာသာ စကာလုံး (Baptizo)
နှင့် English Baptism
မှ
ဆင်းတက်လာပြီး အဓိပ္ပယ်မှာ နှစ်ခြင်း၊ အထဲသို့ ဥဿုံ နှစ်မြှပ်ခြင်း ၊အထဲသို့ဝင်
ရောက်ခြင်း
၊တစ်ကိုယ်လုံးရေထဲသို့ လုံးလုံး
ဝင်ရောက်ခြင်းဖြစ်သည်။ ထို့ကြောင့်ရေ နှစ်ခြင်းမင်္ဂလာ ပေးရာတွင်
ရေထဲ
သို့ တစ်ကိုယ်လုံးအကုန်အစင် နှစ်ခြင်းသည် အဓိပ္ပာယ် ပြည့်ဝ လှပေသည်။ သို့သော် ရေထဲ
၌ ရေနှစ်ခြင်း မင်္ဂလာ ခံခြင်းသည်
ကယ်တင်ခြင်းရရှိရန် လုံးဝ မဟုတ်ပေ။ ယေရှု ခရစ်တော်ကို မိမိ၏
ကယ်တင်ပိုင်ရှင် သခင် အဖြစ် အကြွင်းမဲ့
ယုံကြည်သော သူများ သာလျှင် ရေ၌ ဗတ္တဇံ
(နှစ်ခြင်း)
မင်္ဂလာ ခံယူမည်ဖြစ်သည်။ ရေနှစ်ခြင်း မင်္ဂလာ
ပေးရာတွင် ခမည်းတော်၊ သားတော် ၊ သန့်ရှင်းသော
ဝိညာဉ်တော် တည်းဟူသော သုံးပါးတဆူ တစ်လုံးတဝ
တည်းဖြစ်သော ဘုရား ၏ နာမ၌ ရေနှစ်ခြင်း
မင်္ဂလာ (ဗတ္တိဇံ) ကို ပေးရမည်။ မဿဲ ၊ ၂၈း ၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ
လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
ရောမ ၆း ၃-၄ ထို့ကြောင့် ဗတ္တဇံမင်္ဂလာသည် ခရစ်တော်ကို ယုံကြည်လက်ခံပြီးသော သူတို့
အတွက်သာ ဖြစ်ပါသည်။အသင်းတော်က လည်း ထိုကဲ့သို့သော သူများကို သာလျှင် ဗတ္တိဇံ
ရေနှစ်ခြင်း မင်္ဂလာ ခံယူခွင့် ပေးရန် ဖြစ်သည်။
ကျွန်တော်တို့အား ခရစ်တော်၏ ခန္ဓာတော် ကဲ့သို့ အင်္ဂါအစိတ် အပိုင်း အဖြစ်ပါဝင်ခြင်း
သည်သန့်ရှင်းသော ဝိညာဉ်တော်၏ ဆောင်ရွက်ချက် ၊ဝိညာဉ်တော်၌ ဗတ္တဇံ
( နှစ်ခြင်း) ဖြစ်သည်။ ၁ကော၁၂း၁၃ ရေ၌ တစ်ကိုယ်လုံးနှစ်၍ ရေနှစ်ခြင်း မင်္ဂလာခံယူခြင်းဖြင့်
အသေခံတော်မူခြင်း ၊ သဂြိုလ်ခံတော်မူခြင်း၊ သေခြင်းနှင့် သုံးရက်မြောက် သောနေ့၌ ရှင်ပြန်ထ
မြောက်တော်မှုခြင်း ၌ ကျွနိုပ်တို့သည်လည်း ခရစ်တော် နှင့်အတူ ထိုသုံးဆင့်၌ပါဝင်ကြောင်း
ဘုရားသခင်ရှေ့ ၊ ယုံကြည် သူများရှေ့၌ဝန်ခံခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် လူဟောင်းကို
မြှုပ်နှံ သဂြိုလ် ခြင်းဖြစ်ပြီး လူသစ်အဖြင့် စတင် အသက်ရှင်ခြင်း
ဖြစ်သည်။ ကော ၂း၁၂
၁။ ယုံကြည်သူတိုင်း ရေနှစ်ခြင်း (ဗတ္တိဇံ)
မင်္ဂလာ ခံယူရ မည်လော ။
ဗတ္တိဇံ ကိုခံယူရခြင်းသည် ယေရူ ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အရှင်သခင်
အဖြစ်ယုံကြည် လက်ခံသော သူတိုင်းအတွက် နာခံခြင်း၏ ပထမ ခြေလှမ်း ဖြစ်သောကြောင့်
ခရစ်တော်ကိုယုံကြည်လက် ခံသောသူတိုင်း ဗတ္တိဇံ မင်္ဂလာကို ခံယူရမည့် တာဝန်ရှိသည်။ တစ်စုံ
တစ်ယောက်သောသူသည် သခင် ယေရူ ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အရှင်သခင် အဖြစ်
ယုံကြည်
လက်ခံသည်ဟု ဆိုသော်လည်း ဗတ္တိဇံခံရန် ငြင်းဆိုပါက
ထိုသူသည် လျှို့ဝှက်သောသူ ဖြစ်သည်။
၂။ ရေနှစ်ခြင်း (ဗတ္တိဇံ )မင်္ဂလာ ပေးရာတွင်
မည်သူ၏ နာမ ဖြင့် ပေးရမည်နည်း။
ရေနှစ်ခြင်း (ဗတ္တိဇံ) မင်္ဂလာ ပေးရာတွင် ခမည်းတော် ၊ သားတော် ၊
သန့်ရှင်းသော ဝိညာဉ်
တော် ဘုရား၏ နာမ၌ ပေးရမည်။ မဿဲ ၂၈း၁၉ ။
၃။ ကယ်တင်ခြင်း ရရှိရန် ရေ၌ ရေနှစ်ခြင်း
(ဗတ္တိဇံ) မင်္ဂလာ ခံရန် လိုအပ်ပါသလား။
ကျွန်ုပ်တို့သည် ကျေးဇူးတော် တစ်ခုတည်းကို ယုံကြည်သောအားခြင့် သာလျှင်
ကယ်တင်ခြင်း
ရ ကြောင်းကို သမ္မာ ကျမ်းစာ ၌ အတိအလင်း ဖော်ပြထားသည်။ ဧဖက် ၂း၈ ။
၄။ ရေနှစ်ခြင်း မင်္ဂလာ (ဗတ္တိဇံ ) ခံရခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။
ဗတ္တိဇံ ခံရခြင်းသည် ခရစ်တော်
နှင့် အတူ သေခြင်း ၊ မြှုပ်နှံခြင်း ၊
ရှင်ပြန်ထမြောက်ခြင်း ၌ ထပ်
တူထပ်မျှပါဝင်ကြောင်း ဘုရားရှေ့ ၊ လူတို့၏ ရှေ့၌ သက်သေပြခြင်း ဖြစ်သည်။ ကော
၂း၁၂ ။
၅။ သခင်ယေရှုသည် အဘယ့်ကြောင့် ဗတ္တိဇံ
ခံပါသနည်း။
သခင်ယေရှု ဗတ္တိဇံ ခံရခြင်း နှင့်ပါတ်သက်၍ ဖြာင့်မတ်ခြင်း ၊
ခပ်သိမ်းပြည့်စုံ စေရန် ပြုလုပ်ခြင်း
ဖြစ်သည် ဟု သမ္မာကျမ်းစာ က ဆိုထားသည်။ ခရစ်တော်သည် သူကယ်တင်မည့်
လူများနှင့် သူ့
ကိုယ်သူ ထင်တူထပ် မျှပြုခြင်း ဖြစ်သည်။ သူ၏ လူမျိုးများ အတွက် သေခြင်းကို
ဖြတ်ကျော်ပြီး
ရှင်ပြန်ထ မြောက်ရန် ဆန္ဒရှိကြောင်း ကြေငြာ ခြင်းဖြစ်သည်။ မဿဲ ၃း၁၅ ။
၆။
ကလေးသူငယ်များ ဗတ္တိဇံ ပေးရန် သမ္မာကျမ်းစာ က သွန်သင်ထားပါ သလား။
သမ္မာကျမ်းစာကို လေ့လာ ရာတွင်
ကလေးသူငယ်များ ဗတ္တိဇံ ပေးကြောင်း မည်သည့် နေရာ၌မျှ
မတွေ့ ရသလို သမ္မာကျမ်းစာ၌ လည်းဖော်ပြခြင်းမရှိပါ။ သို့ရာတွင် အချို့သော
အသင်းတော်များ၌
မယုံကြည်နိုင်သေးသော ကလေးသူငယ်များအား ဗတ္တိဇံ ပေးကြောင်း တွေ့ရသည်။ ၎င်းသည်
သမ္မာကျမ်းစာ ကို အခြေမခံဘဲ ၊ အသင်းတော်၏ သွန်သင်ချက် တခုသာ ဖြစ်သည်။
ထို့ကြောင့်
အသင်းတော်၌ သမ္မာကျမ်းစာဖော်ပြသည့် ဘုရားသခင်၏ အလိုတော်အတိုင်း
မလုပ်ဆောင်ဘဲ
အသင်းတော်၏ သြဝါဒ (စည်းမျဉ်း) ဖြင့်သာ လုပ်ဆောင် ကျင့်သုံးကြပြီး
မှားယွင်းစွာ ခံယူ
လုပ်ဆောင်
ကြသည်။ သို့ဖြစ်၍ ဗတ္တိဇံ သည်
လူကြီး၊လူငယ် နှင့် သိတတ်စအရွယ်
(အသက်အရွယ် ကွာခြားခြင်း မရှိ ) ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်
ရှင်အဖြစ် ယုံကြည်ပြီး
သောသူများ သာလျှင် ဗတ္တိဇံ ပေးရ မည်။
မာ ၁၆း၁၆ ၊ တမန် ၈း ၃၇-၃၈၊
၇။ ရေနှစ်ခြင်း မင်္ဂလာ( ဗတ္တိဇံ ) မခံသောသူ
ကောင်းကင် နိုင်ငံ ရောက်နိုင်ပါမည်လော။
ရေနှစ်ခြင်း မင်္ဂလာ (ဗတ္တိဇံ) ခံရခြင်းသည် ကယ်တင်ခြင်းရရန် မဟုတ်ဘဲ ၊ ကယ်တင်ခြင်း
ရသော ကြောင့် နာခံခြင်း အနေဖြင့် ရေနှစ်ခြင်း မင်္ဂလာ( ဗတ္တိဇံ) ခံရခြင်းဖြစ်သည်။ကားတိုင်ပေါ်က
လူဆိုးတစ်ဦးသည်( ဗတ္တိဇံ) မခံသော်လည်း ယေရှုကို ယုံကြည်သော ကြောင့် ထိုနေ့မှာပင် ယေရှုနှင့်
အတူ ပရဒိသုဘုံ၌ အတူရှိမည် ဖြစ်ကြောင်း အာမခံ ရရှိခဲ့သည်။ လု ၂၃း၄၃။
၈။ မည်သူသည် ဗတ္တိဇံ ပေးခွင့် ရှိသနည်း။
လူတို့၏ သိက္ခာတင်ပေးသော သိက္ခာတော်ရ ဓမ္မ ဆရာ၊ တရားဟော ဆရာ ၊ သင်းအုပ် ဆရာ
ကြီးများ ကသာ လျှင် ဗတ္တိဇံ ပေးရမည် ဟု သမ္မာ
ကျမ်းစာ ၌ မဖော်ပြထားသော်လည်း လူတိုင်း ပြု
လုပ်ရမည့် အရာလည်းမဟုတ်ပေ။ ထို့ကြောင့် ဤ ဗတ္တိဇံ မင်္ဂလာ သည် စစ်မှန် သော
ယုံကြည်သူ၊
ဒုတိယ မွေးဖွားခြင်းကို ခံပြီးသော သူ၊ ဘုရား အသုးံတော်ခံ တစ်ပါးမှ ဗတ္တိဇံ
မင်္ဂလာ ကို
ပြုလုပ်ပေး ခွင့် ရှိသည်။ သို့သော် တင့်တယ်
လျှေက်ပတ်စွာ ဆောင်ရွက်ရမည်။
၉။ အဘယ့်ကြောင့် တမန်တော် ဝတ္ထု၌ သခင်ယေရှု၏
နာမဖြင့် ဗတ္တိဇံ ခံကြသနည်း။
သခင်ယေရှု ခရစ်တော်၏နာမဖြင့် ဗတ္တိဇံ ခံသော သူများသည် ဂျူးလူမျိုးများသာ
ဖြစ်သည်။
သူတို့သည် ကြွလာသော သခင်ယေရှု ခရစ်တော်ကို ငြင်းပယ်ပြီး ကားတိုင်၌ အသေသတ်ကြသော
ကြောင့် သူတို့ငြင်းပယ်ခဲ့သော ယေရှုကို ဘုရားသခင်သည် ခရစ်တော် အရာ၌
ခန့်ထားကြောင်း
သိကြသောအခါ မိမိကွက်မျက်ခဲ့သော
ယေရှုသည် ဘုရားမှန်၊ ဘုရားစစ်
ဖြစ်ကြောင်း နောင်တ
ရ၍ ပြန်လက်ခံသော အနေဖြင့် ယေရှု၏
နာမ၌ ဗတ္တိဇံ ခံရခြင်းဖြစ်သည်။ တမန်
၂း၃၆-၃၈ ၊
၁၀း၄၈၊ ၁၉း၅ ၊ ယော ၁၉းရ ၊ မဿဲ ၂၇း ၃၉-၄၃၊ မာ ၁၄း၆၄။
၁၀။
ယောဟန် ပေးသော ဗတ္တိဇံ ဆိုသည်မှာ အဘယ်နည်း။
ယောဟန်ပေးသော ဗတ္တိဇံ သည် အပြစ်လွှတ်ရန် ၊
နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံ ဖြစ်
သည်။အဘယ်ကြောင့် ဆိုသော် ဂျူးလူမျိူးများသည် ဘုရားသခင်ကို ကျောခိုင်းပြီး
မိမိ စိတ်
အလို အတိုင်း အသက်ရှင်ကြသောကြောင့် ထိုအရာကို နားလည်ပြီး နောင်တ ရလျှက်
ဗတ္တိဇံ
ခံကြရန် ဖြစ်သည်။ ယောဟန်သည် လူတို့၏
စိတ်နှလုးံသား ထဲ၌ ယေရှုကို လက်ခံကြပါ ရန်
ပြင်ဆင်ပေးဖို့ ဖြစ်သည်။ မဿဲ ၃း၁-၆ ၊ မာ ၁း ၃-၆ ။
ဤအရာသည် နောင်တနှင့် စပ်ဆိုင်သော
ဗတ္တိဇံ ဖြစ်ရာ ယောဟန်သည် လက်ဝါး
ကားတိုင် မတိုင်မှီ ပြုလုပ်သော ဗတ္တိဇံ ဖြစ်သည်။ ယုံကြည်သူများ၏ ဗတ္တိဇံ
တစ်ခုတည်းသာ ရှိ
သည်။ ဧဖက် ၄း၅။ ယောဟန်၏ ဗတ္တိဇံကို ခံခဲ့ကြသော ဧဖက်ယုံကြည်သူများသည်
သခင်ယေရှု
၏
နာမဖြင့် တဖန် ဗတ္တဇံပြန်ခံ ကြသည်။ တ ၁၉း၁-၅။
၁၁။ မည်သည့် အချိန်၌ ဗတ္တိဇံ ခံယူ သင့်ပါသနည်း။
ဓမ္မသစ်ကျမ်းစာ ထဲ၌ တစ်စုံတစ်ဦးသည် ခရစ်တော်ကို မိမိ၏ ကယ်တင်ရှင် နှင့်
အရှင်
သခင် အ ဖြင့် ယုံကြည် လက်ခံသော
သူတိုင်းကို ချက်ခြင်း ဗတ္တိဇံ နှစ်ခြင်း မင်္ဂလာ ပေး
လေ့ ရှိသည်။ အချိန် ကာလ တစ်ခု အထိစောင့်ဆိုင်းခြင်းမရှိပါ။ တရာ
၂၁း၂၃ ၊ တမန် ၂း၄၁ ၊
၈း၃၈ ၊ ၁၀း ၄၇။
၁၂။ ဗတ္တိဇံ အစား ရေဖြန်းခြင်း ၊ ရေလောင်းခြင်း
၊ သမ္မာ ကျမ်းစာ၌ ဖော်ပြပါသလား။
ဗတ္တိဇံပေးခြင်းအစား
ရေဖြန်းခြင်၊ရေလောင်းခြင်း ကို ကျမ်းစာ၌ ရှာဖွေခြင်းသည် အချိန်ကို
အချည်းနှီးသက်သက် ဖြုန်းခြင်းဖြစ်သည်။ ထွက် ၂၄း၈ ၊ တော ၈း၇ ၊တွင်
ဖော်ပြထားသော သွေး
ဖြန်းခြင်း ၊ ရေဖြန်းခြင်း များကို ဗတ္တိဇံဟု ခံယူ၍ မရပါ။ ဆရာ ယုဒဿန် ဘာသာ
ပြန်ဆိုထားသော
စကားလုးံသည် အဓိပ္ပာယ် ရိုးရှုင်းလှသောကြောင့် မည်သို့မှ ဖြန်းမှား ၊
ရေလောင်း မှားစရာ အ
ကြောင်း မရှိပါ။ ဤအရာသည် မကျန်းမာသောသူ၊ အိပ်ရာမှ မထနိုင်သောသူတို့ အတွက်
တတိယ
ရာစု တွင် အသင်းတော် အချို့က ခွင့်ပြုလာကြသည်။ ရေဖြန်း ၊ လောင်းခြင်းသည်
မည်သို့မျှ
ဗတ္တိဇံ ဟု အဓိပ္ပာယ် မသက်ရောက်နိုင်ပါ။
ကားတိုင်ပေါ်က လူဆိုး တဦးသည် ဗတ္တိဇံ ခံရန်
အချိန်လုံးဝ မရှိ သောကြောင့် (ဗတ္တိဇံ) နှစ်ခြင်း
မခံခဲ့ရပါ။
၁၃။ ရှင်ယောဟန် (၃း၅) ၌ ဖော်ပြ ထားသော ရေသည်
ဗတ္တိဇံ ကို ဆိုလိုပါသလား။
ရေဟူသော စကားလုံးသည် ဘုရားသခင်၏
နှုတ်ကပါတ်တော် ကိုဆိုလိုခြင်းဖြစ်ပြီး
၁ပေ
၁း၂၃-၂၄ ၊ ဧဖက် ၅း၂၆-၂၇ ၊ ယော ၁၇း၁၇ ၊ တိတု ၃း၅
တို့တွင် ထင်ရှားစွာ တွေ့ရသည်။
သမ္မာကျမ်းစာထဲတွင်
ရေသည် ဘုရားသခင်၏ နှုတ်ကပါတ်တော် ကို ပုံဆောင်၍ ပြောပြခြင်း
ဖြစ်ပြီး
ယောဟန် ၃း၅ တွင် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို
ဝိညာဉ်တော်က အသုံးပြုခြင်းဖြင့်ကယ်တင်ခြင်းရသည်
ဟု သွန်သင်ခြင်း ဖြစ်သည်။
ယော ၁၉း၃၄ ၊ ရောမ ၁၀း၁၄ ။
၁၄။
မောရှေ ၏ ဗတ္တဇံ ဆိုသည်မှာ
အဘယ်နည်း။ ၁ကော ၁၀း၁-၂
မောရှေ ၏ ဗတ္တိဇံဆိုသည်မှာ ပေါလုက
ဂျူးလူမျိုးများ အာလုံးတို့ရှေ့၌ ဗတ္တိဇံ ကို ခံကြသည်
ဟုဆိုကြသည်။ဤနေရာ၌ ပေါလုသည် ရေနှစ်ခြင်း( ဗတ္တဇံ) အကြောင်းကိုပြောနေခြင်း
မဟုတ်ပါ။သူသည် ယုံကြည်သူ ရေနှစ်ခြင်း (ဗတ္တဇံ)၏ အဓိပ္ပာယ်ကို ပုံဖော်ရန်
ဂျူးလူမျိုးတို့၏
အတွေ့အကြုံကို အသုံးပြု ခြင်းဖြစ်သည်။ မိုးတိမ်နှင့်ပင်လယ်တို့သည်
ဘုရားသခင်
အတူပါရှိခြင်း လဏ္ခာ များဖြစ်ပြီး ယူကြည် သူများ ရေနှစ်ခြင်း (ဗတ္တဇံ) ခံမှ
ရရှိသော
ကောင်းကြီးမင်္ဂလာ၏
ပုံဆောင်ချက်များလည်းဖြစ်သည်။ ဂျူးလူမျိုးတို့အားမောရှေ၏
ဦးဆောင်မှုနှင့် အမိန့်တော်
အောက်၌ထားသကဲ့သို့ ယုံကြည်သူများ လည်း ခရစ်တော်၏
ဦးဆောင်မှုနှင့် အခွင့် အာဏာအောက်၌ ရှိကြသည်။
ဤအကြောင်းကြောင့် ပေါလုက
ဂျူးလူမျိုးတို့သည် မောရှေ၌
ရေနှစ်ခြင်း( ဗတ္တဇံ) ခံကြသည်ဟု ပြောရခြင်းဖြစ်သည်။
၁ကော ၁၀း၁-၂ ၊ ထွက် ၁၄း၂၁-၃၁။
၁၅။ ယေရှု ဗတ္တဇံခံသော အခါ အဘယ့်ကြောင့်
ချိုးငှက်ကဲ့သို့ ဘုရားသခင်၏ ဝိညာဉ်တော်
ဆင်းတက်ပါ သနည်း။
ယေရှု ဗတ္တဇံခံသော အခါ ဘုရားသခင်၏
ဝိညာဉ်တော်သည် ချိုးငှက်ကဲ့ သို့
ဆင်းတက်လာခြင်းသည် ဓမ္မဟောင်း ပရောဖက် ပြုချက် ပြည့်စုံခြင်းဖြစ်သည်။ ဟေရှာ
၁၁း၂ ၊
၄၂း၁ ၊ ၆၁း ၁ ၊ ယေရှု အပေါ် သို့ ဘုရားသခင်၏ သန့်ရှင်သော ဝိညာဉ်တော် မဆင်းကြွမှီ သခင်
ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော် ၏ မွေးဖွားခြင်းခံ ခဲ့ပြီးဖြစ်သည်။ မဿဲ ၁း၁၈ ၊
လုကာ ၁း၃၅ ထိုအရာ ကို အသိပြု ခြင်း ဖြစ်သည်။ ယေရှုခရစ်တော်သည် ဘုရား သခင်၏
သားဖြစ်ကြောင်း အသိမှတ် ပြုခြင်းဖြစ်သည်။ ကောင်းကင်မှ ခမည်းတော်၏ အသံတော်
ဓမ္မသစ်ကျမ်း၌(၃) ကြိမ်ဖော်ပြ သည့် အနက် ဤကျမ်းပိုဒ်သည် တစ်ခုအပါအဝင်ဖြစ်သည်။
သတိပြုရမည့် အချက်မှာ “ချိုးငှက်ကဲ့သို့ ” ဟုဆိုသော ကြောင့် ပကတိ ချိုးငှက် ဟု ပြော၍
မရပါ။ မဿဲ ၁၇း၅ ၊ယော ၁၂း၂၈။
၁၆။ ယုံကြည်သူများ မည်သည့် အချိန်၌
သန့်ရှင်းသော ဝိညာဉ်တော် ရရှိကြသနည်း။
ကယ်တင်တော်မှုခြင်းနှင့်
ယှဉ်သော ဧဝံဂေလိ တရားတည်းဟူသော သမ္မာတရား ကို ကြားနာ၍
ခရစ်တာ်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အရှင်သခင် အဖြစ် ယုံကြည် လက်ခံ
သောအခါတွင်
ဝိညာဉ်တော် ရရှိကြသည်။ ဧဖက် ၁း၁၃- ၁၄ ၊ ၄း၃၀ ၊၂ကော
၁း၂၁-၂၂ ။
၁၇။ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံ
(နှစ်ခြင်း) ဆိုသည်မှာ အဘယ်နည်း။
လူအချို့တို့သည် ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်းသည် ဒုတိယကောင်းကြီးဖြစ်၍
အမှုတော်ဆောင်ရွက်ရန်ဘုရားသခင်က အထူးသီးသန့် တန်ခိုးပေးထားခြင်းဖြစ်ကာ ၎င်းလုပ်ငန်း
သက်ရောက်မှုကို အခြားသော ဘာသာ စကားပြောခြင်းက ဖော်ပြသည် ဟူ၍ နားလည်ကြသည်။
ဤရှုပ်ထွေးမှုကို အသင်းတော်၏ သမိုင်း ဖြစ်သော တမန်တော် ဝတ္ထု၌ ဝိညာဉ်တော်၏ လုပ်ဆောင်မှု
ကို နားမလည်သော ကြောင့် ဖြစ်နိုင် သည်။အခြေပြု ကျမ်းပိုဒ်မှာ ၁ ကော ၁၂း၁၃ ဖြစ်သည်။
သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံ လုပ်ငန်းတွင်ယုံကြည်သူ အားလုံးပါဝင်သည်။
အထူးသတိပြုရမည့် အချက်မှာ အားလုံး၊ ရှိသမျှ ၊ တစ်လုံးတဝတည်း ဟူသော အရာဖြစ်သည်။
ထို့ကြောင့် ယုဒလူ ၊ ဟေလသလူ ၊ ကျွန် ၊ လူလွတ် ၊ယောက်ျား ၊ မိန်းမ အားလုံး
ပါဝင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံ ခံပေးခြင်းသည် ခရစ်တော်၏
ကိုယ်ခန္ဓာထဲ၌ အခြားယုံ ကြည်သူများနှင့် တစ်လုံးတစ်ဝတည်းဖြစ်စေသည်။ ဤနေရာ၌ မှတ်
သားရမည့် အချက်မှာ တစ်လုံးတဝ ဖြစ် မှု၌ ယုံကြည်သူ၏ ဝိညာဉ်ရေးရာ အခြေအနေနှင့်
သက်ဆိုင်ခြင်းမရှိပေ။ လောကီ ဆန်သည်ဟု ထင်ရှားသော ကောရိန္တု ယုံကြည်သူများပင်
ပါဝင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံ ခံပေးခြင်းသည် ယုံကြည်သူများကို
ခရစ်တော်နှင့် တစ်လုံးတဝတည်း ဖြစ်စေသည်။ “ ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူ
ရှိသမျှတို့သည် ရောမ ၆း၃ “ထိုသခင်နှင့် အတူ” တစ်လုံးတဝတည်း ဖြစ်ရကြ၏။ ။ ရောမ ၆း ၅ ။
ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တဇံခံပေးခြင်းသည် ကယ်တင်ခြင်းရပြီးမှ
ဖြစ်ပျက်ရ သည့် အရာမဟုတ်ကြောင်း ထင်ရှားပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံ
ခံပေးခြင်းသည် ယုံကြည်သူများ၏ ဘဝအတွေ့ အကြုံမှ ဖြစ်ပျက်သော အရာမဟုတ်ပါ။
ယုံကြည်သူများ အတွက် ဝိညာဉ်တော်က ပြုလုပ်ပေးသော အရာဖြစ်သည်။ ယုံကြည်သူများ
ပြုလုပ်ရသော အရာ
မဟုတ် ပေ။
ထို့ကြောင့် ဝိညာဉ်တော်၏ နှစ်ခြင်း မင်္ဂလာ (ဗတ္တဇံ) ပေးခြင်းသည် ကယ်တင်ခြင်းနှင့်
တပြိုင်နက် ဖြစ်ပေါ်သော အရာ ဖြစ်၍ ကယ်တင်ခြင်းရပြီးနောက် ယုံကြည်သူများ၏
ခရစ်ယာန်
အသက်တာ၌ ဒုတိယအကြိမ် ဖြစ်ပျက်သော အရာ
မဟုတ်ပေ။
အသင်းတော်၏အခြေခံ
ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်း
ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ အသင်းတော်သည် ခရစ်တော်၏ ခန္ဓာ ကိုယ်
ဖြစ်သည်။ သခင်ယေရှုခရစ်တော်အား ယုံကြည်သူတိုင်းသည် ထိုခန္ဓာကိုယ်ရှိ
အင်္ဂါအသီးသီး ဖြစ်ကြသည်။
၁။ အသင်းတော်ဖြစ်ပေါ်လာပုံ။
ဘုရားရှင်၏လမ်းပြပို့ဆောင်ခြင်းကြောင့်
မြန်မာပြည်မှ ယုံကြည်သူ များသည် Baltimore,
Maryland တွင်
အတူတကွတွေ့ဆုံနေထိုင်ခွင့်ရရှိကြပါသည်။ ၎င်းမှတဆင့် ယုံကြည်သူများ
ပေါင်းဖော်ကာ စိတ်သဘောတူလျက် တလုံးတဝတည်းဖြင့် ဘုရားရှင်၏နိုင်ငံတော်
အတွက်
အတူတကွ ပါဝင်နိုင်ရန်၊ ယုံကြည်သူများ အတူတကွချီးမွမ်းကိုးကွယ်
မိတ်သဟာရပြုနိုင်ရန်
Myanmar Christian Church
အဖြစ် ၀၅/၀၂/၂၀၁၅ နေ့တွင် စတင်ကာ
ဘုရားရှင်မစ၍ အသင်း
တော် တစ်ပါးဖြစ်လာခဲ့သည်။သမ္မာကျမ်းစာ၏ သွန်သင်ချက်နှင့်အညီ
အသင်းတော်ကိုစနစ်တ
ကျဖွဲ့စည်းရန်၊ အခွင့်အရေးများကိုထိန်းသိမ်းရန် နှင့်
အသင်းတော်ဖွဲ့စည်းပုံတစ်စုတစ်ဝေးတည်ရှိရန်
ဟူသောရည်ရွယ်ချက်ဖြင့်
ဖွဲ့စည်းပုံနှင့်စည်းမျဉ်း စည်းကမ်းများကို လည်း ရေးဆွဲခဲ့ကြပါသည်။
၂။ ရူပါရုံ
ဤအသင်းတော်၏ ရူပါရုံ မှာ ဘုရားသခင်၏ နိုင်ငံတော်အတွက်အစေခံရန်၊ခရစ်တော်၏ ဧဝံဂေလိ
တရားကို ဝေငှရန်၊လူအပေါင်းတို့ကို ဘုရားသခင်၏သမ္မာတရားလမ်းထဲရောက်အောင် ပို့ဆောင်ရန်၊
အသင်းသူ အသင်းသားများကို သမ္မာတရားဖြင့်ပညာပေးပြုစုရန်၊၊အသင်းသူ အသင်းသားများ၏
ဝိညာဉ်ဆုကျေးဇူးများ ကို သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုနှင့်အညီ အသင်းတော်ခေါင်း
ဆောင်များ၏ဦးဆောင်မှုဖြင့် လူအပေါင်းတို့ ထံစီးဆင်းစေရန်။ 1timo 2:4
၃။အသင်းတော်၏ရည်ရွယ်ချက်။ ။
Myanmar Christian
Church, Baltimore ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ မြန်မာလူမျိုးတိုင်း မြန်မာစကားဖြင့် အတူတကွ
မိတ်သဟာရဖွဲ့နိုင်ရန်။
၂။ ဘုရားရှင်၏ နှုတ်ကပတ်တော်အတိုင်း
ယုံကြည်သူများ ဝိညာဉ်ရေးရာ၌ ကြီးထွားလာရန်။
၃။ အသင်းသူ အသင်းသားများ၏
ခန္ဓာရေးရာလိုအပ်ချက်များ ကူညီမစရန်။
၄။ Baltimore ရှိ မြန်မာလူမျိုးများထံ
ဘုရားရှင်၏သတင်းကောင်းအား ဝေဌရန်။
၅။ အမိမြန်မာပြည်တွင်လည်း အမှုတော်မြတ်၌
ပါဝင်နိုင်ရန် တို့ဖြစ်သည်။
ယခုပင်လျှင် အသင်းတော်သည် လူမျိုးပေါင်းစုံဖြင့် ပါဝင်လုပ်ဆောင်လျှက်ရှိပါသည်။
အထူးသဖြင့် ဘုရားရှင်၏ သမ္မာတရားအတိုင်း လိုက်လျှောက်အသက်ရှင်ကာ ကြီးထွားလာ
သော အသင်းတော် တစ်ပါးဖြစ်လာစေမည်ဖြစ်ကြောင်း
ယုံကြည်ကြပါသည်။
၄။ အသင်းတော်၏ သာသနာ ။
အသင်းတော်၏သာသနာ (၂) မျိုးရှိသည်။ ပြည်တွင်းသာသနာနှင့် ပြည်ပသာသနာတို့
ဖြစ်ကြ
သည်။ ထိုသာသနာများမှာ ဧဝံဂေလိဟောပြောခြင်း၊ ယုံကြည်သူများထံ
ရက်တိုကျမ်းစာသင်
ကြားခြင်း၊ Youth
Camp ပြုလုပ်ခြင်း၊
အမှုတော်ဆောင်များစေလွှတ်ခြင်း၊ ကျမ်းစာကျောင်းသူ၊
ကျောင်းသားများအားထောက်ပံ့ခြင်း စသည်တို့ပါဝင်သည်။ ၎င်းသာသနာများ
ပြုလုပ်ရာတွင်
အောက်ပါအတိုင်းလုပ်ဆောင်ရန် ဆုံးဖြတ်ကြပါသည်။
(၁) ပြည်တွင်း
ပြည်တွင်း၌အမှုတော်မြတ်လုပ်ဆောင်ပါက
အသင်းသူ အသင်းသားများ၏ ယုံကြည်
ခြင်းမျိုးစေ့နှင့် အသင်းတော်ဘဏ္ဍာအား အသုံးပြုရန်ဖြစ်သည်။
(၂) ပြည်ပ
ပြည်ပတွင်အမှုတော်မြတ်သာသနာလုပ်ဆောင်ပါက
အသင်းတော်တစ်နှစ်ဝင်ငွေ၏
၁၀% ကိုသာအသုံးပြုရန်ဖြစ်သည်။
အခန်း(၁)
အသင်းတော်၏ ဖွဲ့စည်းပုံ
-------------------------------------------------------------------------------------------
(၁) အသင်းတော်အမည်နှင့်တည်နေရာ။
(က) Myanmar Christian Church, Baltimore
(ခ) 4808 Shelbourne Rd, Baltimore, MD 21227
(၂) အမှုတော်ဆောင်များ
(က) သင်းအုပ်ဆရာ
(ခ) သင်းထောက်
(၃) အလုပ်အမှုဆောင်များ (Executive
Committee)
(က)ပ-ဥက္ကဌ
(ခ)ဒု- ဥက္ကဌ
(ဂ)ပ-အတွင်းရေးမှူး
(ဃ)ဒု- အတွင်းရေးမှူး
(င) ပ-ဘဏ္ဍာရေးမှူး
(စ).စာရင်းကိုင်
(ဆ).အကြံပေး
(၄) အမျိုးသမီးများအဖွဲ့
(၅) လူငယ်အဖွဲ့
(၆) Sunday
School
(၇) အသင်းသူ၊ အသင်းသားများ (General Assembly) အဖွဲ့ တို့ဖြစ်ကြသည်။
(၈) အလုပ်အမှူဆောင်များ၏
တာဝန်နှင့်ဝတ္တရား
အသင်းတော်၏
အလုပ်အမှူဆောင်များ ကဏ္ဍ အားလုံးရွေးချယ်တင်မြောက်ရမည်။
(၉) အသင်းတော်အမည်နှင့်တည်နေရာ။
(၁) Myanmar Christian Church, Baltimore
(၂) 4808 Shelbourne Rd, Baltimore, MD 21227
(၁၀) သင်းအုပ် ဆရာ/ တာဝန်
သင်းအုပ်ဆရာသည် ဒေသန္တရအသင်းတော်၏ အသိမှတ်ပြု
အမှှုတော်ဆောင်တစ်ပါးဖြစ်ရမည်။
ဘုရားသခင်၏အကြံစည်တော်နှင့် ကိုက်ညီသော
သမ္မာတရား၏သွန်သင်ချက်များကို ယုံကြည် လက်ခံ
သောသူဖြစ်ရမည်။ သင်းအုပ်ဆရာသည် အသင်းတော်၏ EC များနှင့် ပူးပေါင်း၍ စီမံခန့်ခွဲရေး၊
အုပ်ချုပ်ရေး၌ဦးဆောင်နိုင်သူဖြစ်ရမည်။
သင်းအုပ်ဆရာသည် အသင်းတော်၏ဝတ်ပြု
ကိုးကွယ်ခြင်းများကိုဆောင် ရွက်ရမည်။နှစ်ခြင်းမင်္ဂလာပေးခြင်း၊ပွဲတော်မင်္ဂလာပေးခြင်းနှင့်
ထိန်းမြှားခြင်း မင်္ဂလာ စသည်တို့ ကို ဆောင်ရွက်ရမည်။ အသင်းသူအသင်းသား များထံ
ဘုရားသခင်၏အမှုတော်ကိုဆောင်ရမည်။ သင်းအုပ်အရိုက်ရာ
တာဝန်များကိုကျေပွန်ရမည်။
တရားဟောပလ္လင်မှ ဝှေငှခြင်း၊သွန်သင်ခြင်းများ၏
တာဝန်ခံဖြစ်သည်။ မိမိမရှိသော
အချိန်များ၌လည်းတာဝန်လွဲပေးရမည်။
အသင်းတော်၏အထူးအစည်းအဝေး
များနှင့် ကိုးကွယ်ခြင်း အစီအစဉ်များတွင်ကူညီပေးရန်စီစဉ်ရမည်။ သင်းအုပ်ဆရာ သည်
အသင်းတော်၏ အစည်းအဝေးတိုင်းတွင် အကြံဉာဏ်ပေးရမည်။
(၁၁) သင်းအုပ်ဆရာ၏
ခံစားပိုင်ခွင့် ။
(က) အချိန်ပြည့် သင်းအုပ်ဆရာသည်
လစာနှင့် တစ်နှစ်လျှင်ခွင့်ရက် (80) နာရီ
နှစ်စဉ်
ခံစားပိုင်ခွင့်ပေးရမည်။
ခွင့်ကာလကို သင်းထောက် နှင့် အသင်းတော် ကော်မီတီမှ
ဆုံးဖြတ်ကြရမည်ဖြစ်သည်။
(ခ) သင်းအုပ်ဆရာ ၊ သင်းထောက် နှင့် Sunday School ဆရာ၊ဆရာမ များအား အသင်းသားမှ
လှူးဒါန်းသော
အဦးသီးများ ခံစားပိုင်ခွင့် ရှိသည်။
(၁၂) တွဲဖက်သင်းအုပ်ဆရာ။ ။
တွဲဖက် သင်းအုပ်ဆရာသည် ဒေသန္တရအသင်းတော်၏
အသိမှတ်ပြု အမှုတော်ဆောင်တစ်ယောက်
ဖြစ်ရမည်။ဘုရားသခင်၏အကြံစည်တော်နှင့် ကိုက်ညီသော သမ္မာတရား၏သွန်သင်ချက်ကို
ယုံကြည် လက်ခံသောသူဖြစ်ရမည်။တွဲဖက် သင်းအုပ် ဆရာသည် အမှုတော်ဆောင်ရန် သင်းအုပ်
ဆရာအားအနီးကပ်ကူညီရမည်။သင်းအုပ်ဆရာ မရှိသောအချိန်များတွင် သင်းအုပ်၏တာဝန်များ
ကိုယူရမည်။ယုံကြည်သူများ၏ဝိညာဉ်ပိုင်းတွင် ကိုက်ညီကာ ရင်းနှီးမှုတည်ဆောက်မှုရှိရမည်။
ကိုယ်ကာယပိုင်းဆိုင်းရာ လိုအပ်လျှင်လည်း စီစဉ်ပေးရမည်။လူသစ်များ၊ဧည့်သည်များကို
အသင်းတော်၌လာရောက်ပါဝင်ရန်နိုးဆော်၊ဖိတ်ခေါ်ရမည်။
တွဲဖက်သင်းအုပ်၏အရည်အချင်းနှင့်အသင်းတော်၏လိုအပ်ချက်များအပေါ်မှှုတည်
ကာ အခြားတာဝန်ပေးခြင်းများ
အပြောင်းအလဲရှိနိုင်သည်။သင်းအုပ်ဆရာသည်ကျမ်းစာ
သင်ကြားခြင်း၊အိမ်လှည့်ခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်းအချို့တို့၌
ဦးဆောင်ပါဝင်ရမည်။
အသင်းတော်၏အဖွဲ့အစည်းဆိုင်ရာ လှုပ်ရှားမှုများ၌
အသင်းတော် ကိုယ်စားပြုဖြစ်ရမည်။
(၁၂) သင်းထောက်၏ တာဝန်ဝတ္တရာ
အသင်းတော်၏ မင်္ဂလာဝတ်များ ဆိုင်ရာ၌
သင်းအုပ်ဆရာကို ကူညီရန်ဖြစ်သည်။
အသင်းတော်၏လူမှူရေး ကိစ္စရပ်များတွင် ဆရာနှင့်
ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ရမည်။
(၁၄) အသင်းတော်ဥက္ကဌ
ဥက္ကဌသည် အသင်းတော်အစည်းအဝေး
ခေါ်ယူခြင်း၊ဦးဆောင်ခြင်း၌တာဝန်ခံဖြစ် သည်။
(၁၅) အသင်းတော်အတွင်းရေးမှူး။
အသင်းတော်၏အစည်းအဝေး၌ ဆုံးဖြတ်ချက်များနှင့် လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းတင်ထားရမည်။
အသင်းတော်၏စာရွက်စာတမ်းအားလုံး၊
အရေးကြီးသော မှတ်တမ်းများအားလုံးကို ထိန်းသိမ်းထားရမည်။
(၁၆)
ဘဏ္ဍာရေးမှူး။
အသင်းတော်ဘဏ္ဍထိန်း၏တာဝန်မှာ EC ၏ ခွင့်ပြုချက်ဖြင့်အသင်းတော်၏ ဘဏ္ဍာကို
လက်ခံခြင်းနှင့် ထုတ်ပေးခြင်းများကို အသင်းတော်၏ ဆုံးဖြတ်ချက်အတိုင်း ထုတ်ပေးရမည်။
အသင်းတော်၏ ဘဏ္ဍာ အဝင်အထွက်မှတ်တမ်းများကို တိကျစွာ စာရင်းပြုစုထားရမည်။
အစည်းအဝေး တိုင်းတွင် အသင်းတော် ဘဏ္ဍာစာရင်းကိုတင်ပြရမည်။ ဘဏ္ဍာရေးမှူးသည်
အသင်းတော်၏ ဘဏ္ဍာရေး၌ အကြံပေး
ဖြစ်သည်။
(၁၇) စရင်းကိုင်
စာရင်းကိုင်သည် အသင်းတော်
ဘဏ္ဍာရေးမှူးနှင့်တွဲဖက်လုပ်ဆောင်ရမည်။
ငွေစာရင်းအား
သီးသန့်လုပ်ဆောင်၍ ထိန်းသိမ်းထားရမည်။ တစ်နှစ်
(၂) ကြိမ် ဘဏ္ဍာရေးမှူးနှင့်အတူ
အစည်းအဝေး၌ရှင်းလင်းတင်ပြပေးရမည်။
(၁၈) စရင်းစစ်
စာရင်းစစ်သည် အသင်းတော်၏ဘဏ္ဍာငွေအား မှန်ကန်စွာ စိစစ်ပေးရမည်။ အစည်းအဝေးမ
တိုင်မှီ
ဘဏ္ဍာထိန်းနှင့်စာရင်းကိုင်အား စာရင်းစစ်မှ စစ်ဆေးရမည်။
(၁၉)တေးဂီတတာဝန်ခံ
တေးဂီတတာဝန်ခံကို အသင်းတော်မှရွေးချယ်ရမည်။ ထိုသူသည် တေးဂီတပိုင်း၌ နားလည်
ကျွမ်းကျင်ကာ အခြားအသင်းသူ၊အသင်းသားများကို
ပြန်လည်သင်ကြားပေးနိုင်
ရမည်။အသင်းတော်၏ချီးမွမ်းခြင်းနှင့်ကိုးကွယ်ခြင်းကို စနစ်တကျတာဝန်ယူရမည်။
တေးဂီတစက်ပစ္စည်းများကို အစဉ်စစ်ဆေး ထိန်းသိမ်းရမည်။ သသမ္မာတရားနှင့်ညီသော
ဓမ္မသီချင်းများကိုသာ သီဆိုရန်တာဝန်ယူရမည်။
(၂၀) အမျိုးသမီး အဖွဲ့။ ။
အသင်းတော်တစ်ပါး၌ အမျိုးသမီးများကဏ္ဍသည် ကြီးစွာပါဝင်လျှက်ရှိသည်။ ထို့ကြောင့်
အမျိုးသမီးများသည်အလိုအလျောက်ဖွဲ့စည်း၍ အသင်းတော်အားထောက်ပံ့ နိုင်ရန်
လုပ်ဆောင် နိုင်သည်။ ၎င်းတို့၏ဖွဲ့စည်းပုံအား အမျိုးသမီးများမှ ဦးဆောင်လုပ်ဆောင်ရမည်။
အကူအညီလိုအပ်ပါက အသင်းတော်၏ ဥက္ကဌ ထံ၌ အကူအညီတောင်းခံရမည်။ဤအဖွဲ့
အစည်းအများသည် သင်းတော်ရှိ EC များနှင့် အသင်းတော်၏အထောက်အမကောင်း
အတွက် ဖြစ်သည်။ အစီအစဉ် အသစ် ရေးဆွဲပါက (EC) ထံ အသိ ပေးရမည်။
(၂၁)လူငယ်
အသင်းတော်၏အင်အားနှင့်အနာဂတ်ဖြစ်သော လူငယ်များအား အသင်းတော်၏ Praise and
Worship တွင် နေရာပေးရမည်။
အစီအစဉ်သစ်များရှိလာပါက (EC)
အားတင်ပြကာ လုပ်ဆောင်
နိုင်သည်။ လူငယ်ကဏ္ဍများအား အလိုအလျောက်ဖွဲ့စည်းနိုင်သည်။အစီအစဉ် အသစ်
ရေးဆွဲပါက
(EC) ထံ အသိ
ပေးရမည်။
(၂၂)Sunday school
ဤကဏ္ဍသည် အသင်းတော်၏အရေးကြီးဆုံးသော
ကဏ္ဍတစ်ခုဖြစ်သည်။ ထို့ကြောင့် အမှု
တော်ဆောင်များ၊ EC များနှင့် Sunday School ဆရာ၊ ဆရာမများ အတူတကွတိုင်ပင်ကာ
လုပ်ဆောင်ရမည်။အသင်းတော်ရှိ ကလေးသူငယ်များ၏ အနာဂတ်ဖြစ်သော ၊ဝိညာဉ်ရေးရာ၊
ယုံကြည်ချက်၊ သမ္မာ တရား ခံယူချက် များကို ကောင်းမွန်စွာ နားလည်သဘောပေါက်နိုင်ရန်
Sunday School အတန်း များ ကို လိုအပ်သလို ပြင်ဆင်ပေးရန် ဖြစ်သည်။
(၂၃)အသင်းသူ၊ အသင်းသားများ၏တာဝန်
အသင်းတော်၏ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရန်မှာ အသင်းဝင်သူတိုင်း၏
တာဝန်ဖြစ်သည်။ ထို့အပြင် အသင်းတော်သည် သာမန်အဖွဲ့အစည်းကဲ့သို့မဟုတ်ကြောင်းကို
အစဉ် အမြဲနားလည်ထားရပါမည်။ ထို့ကြောင့် အသင်းသူ အသင်းသားများအားလုံး
အောက်ပါအတိုင်း ကြိုး စားပါဝင်ရမည်။
(၁) ယုံကြည်သူများဖြစ်သည့်အလျောက်
မိမိအသက်တာ၌အသက်ရှင်ခြင်း၊ စကားပြောခြင်း၊
လုပ်ဆောင်ခြင်းအားဖြင့် ပုံသက်သေပြ အသက်ရှင်ရမည်။
(၂) ခရစ်တော်၏သတင်းကောင်းအား ဖြန့်ဝေသူ၊
ပြန့်ပွားစေသူများ ဖြစ်ရမည်။
(၃) အသင်းတော်၏ဝတ်ပြုခြင်း၊
ဆုတောင်းခြင်း၊ ကျမ်းစာသင်တန်း စသော အသက်တာကြီး
ထွားရန် ပါဝင်ရမည်။
(၄) အသင်းတော်၏ လူမှုရေး ၊ဝိညာဉ်ရေးရာ
ကိစ္စရပ်များတို့တွင် အသင်းတော်၏ ဦးဆောင်မှု
အောက်၌ တက်ကြွစွာ ပါဝင်ရမည်။
(၅) အသင်းတော်၌ ဘုရားသခင်၏
ကောင်းကြီးမင်္ဂလာများဖြစ်သော အဦးသီးများ၊ အလှူငွေ
များ၊ ဆယ်ဖို့တဖို့များနှင့်ပါဝင်ရမည်။
(၆) အသင်းတော်၌ သစ္စာရှိစွာ ပါဝင်ရမည်။
(၇) အသင်းသားသစ်တိုင်းသည် MCCB အသင်းတော်၏ စည်းမျဉ်းစဉ်းကမ်း နှင့်အညီ
တစ်နှစ်
အထက်ပါဝင်လာပါက MCCB အသင်းတော်၏ EC နေရာ၌ ရွေးချယ်ရမည်။
(၂၄) အသင်းတော် အကြံပေး။
အကြံပေး ပုဂ္ဂိုလ်များသည် အသင်းတော်၏
လိုအပ်ချက်များအား
အမြဲစောင့်ကြည့်၍ အကြံပေးရန် အဆင်သင့်ရှိရမည်။အတွင်း၊ အပြင် သတင်း အချက်အ
လက်များလည်း
နားစွင့်ကာ အသင်းတော်အတွက် အဆိုး၊ အကောင်းများအပေါ် EC များအား
အကြံပေးနိုင်ရမည်။ အသင်းတော်၏ လိုအပ်ချက်များကို ချက်ခြင်း EC အား အသိပေး၊
အကြံပေးနိုင်သည်။
(၂၅) OB ဖွဲ့စည်းခြင်း။
အသင်းတော်မှ OB အဖွဲ့ကို ရွေးကောက်ပေးရန် အသင်းတော်၏ သင်းအုပ် ဆရာကို
တာဝန်ပေးပါသည်။ ဤ အသင်းတော်၏ OB များရွေးချယ်ရာတွင် အသင်းတော်လူကြီး (8) ဦးနှင့်
အမှူတော် ဆောင် (၂) ပါး စုစုပေါင်း (10) ဦး ရွေးချယ်ကြသည်။
1.ဦးမနားလိန်း
2.ဦးဘွေချွဲ၊
3.ဦးဟာဟုန်း၊
4.ဦးဆာမွန်ထန်း ၊
5.ဦးနေတူရိန်အောင်
6.ဦးလိန်းဟုန်း
7.ဦးထန်းလိန်းအွမ်
8.ဦးကီးလိန်း
9.ဆရာ ဒေဗစ်
10. ဦးမေယော တို့ ရွေးချယ်
ကြသည်။
________________________________________________________________________________
အခန်း(၂)
အသင်းတော်၏စည်းမျဉ်း၊
စည်းကမ်းများ
(၁)အသင်းတော် ဝတ်ပြုခြင်း။
ဖေါ်ပြပါအသင်းတော်၏ ဝတ်ပြုခြင်းအစီအစဉ်ကို
တနင်္ဂနွေနေ့တွင်ပြုလုပ်ရမည်။
(၂) အစည်းအဝေးများ။
1.အစည်းအဝေးများ ပြုလုပ်မည်ဆိုပါက EC များ၏ သတ်မှတ်သော နေ့၊ရက် လ များ၌
ပြုလုပ်ရန်ဖြစ်သည်။
2.အရေးပေါ်ရှိပါက ( EC) မှ
အစည်းအဝေးခေါ်၍ ဆွေးနွေးနိုင်ပြီး ၊ လိုအပ်ပါကအသင်း
တော်တစ်ခုလုံးမှ
ဆွေးနွေးရမည်။ ဆုံးဖြတ်ချက် တစ်ခုခု အဆင်မပြေပါက နှစ်ချုုပ်အစည်း
အဝေး၌
ထိရောက်စွာ အဆုံးသတ် ဆွေးနွေးရမည်။
(၃)
သင်းအုပ် ဆရာ ခန့်အပ်ခြင်း
(က) သင်းအုပ်ဆရာသည် ဒေသန္တရအသင်းတော်၏ အသိမှတ်ပြု အမှုတော်
ဆောင်တစ်ပါးဖြစ်ရမည်။
ဘုရားသခင်၏အကြံစည်တော်နှင့် ကိုက်ညီသော သမ္မာတရား၏သွန်သင်ချက်ကို ယုံကြည်
လက်ခံ
သောသူဖြစ်ရမည်။
(ခ) အသင်းသားတစ်ဦးမှ ဘုရားအတွက်
အသင်းတော် ၌ အမှုတော် ဆောင်အဖြင့်
ဆက်ကပ်လာပါကအနည်းဆုံး(၃)
နှစ် အတွင်း ဆက်ကပ် အစေခံ အမှုတော်ဆောင်
ပြီးမှ
အသင်းတော်၏
သင်းအုပ် အဖြစ် ခန့်အပ် ပေးရမည်။
(ဂ) သင်းအုပ်ဆရာနှင့်တွဲဖက်သင်းအုပ်ဆရာ သည် စနေနေ့နှင့်တနင်္ဂနွေ နေ့ လုံးဝအချိန်ပေး
နိုင်သူဖြစ်ရမည်။
အကယ်၍ အလုပ်သမားဖြစ်ပါက
ထိုနေ့၌အချိန်ပြည့် ခွင့်ယူရမည်။
(ဃ) MCCB အသင်းတော်၏ သင်းအုပ်အရာ၌
အမျိုုးသားများသာ ခန့်ထားရမည်။
(၄)သင်းအုပ်
ဆရာ အဖြစ်မှ ရပ်နားခြင်း
(က) သင်းအုပ်ဆရာ တပါးအား အသင်းတော်မှ ရပ်နားစေလိုလျှင်
၊ အသင်းသူ/သားများ၏
သုံးပုံနှစ်ပုံမှ သဘောတူညီချက်ဖြစ် ရပ်နားစေနိုင်သည်။
(ခ) သင်းအုပ် ဆရာ မှ မိမိအလိုအလျှောက်
အနားယူလိုလျှင် EC အားအသိပေးအကြောင်းကြားပြီး
EC မှ လိုအပ်သလို ဆောင်ရွက်ရန်ဖြစ်သည်။
(၅)
သင်းအုပ်ဆရာ
သင်းအုပ်ဆရာသည် အသင်းတော်နှင့်ပါတ်သက်သောကိစ္စများအားလုံးတွင် တာဝန်ခံ(သို့) ဦးဆောင်
သူဖြစ်ရမည်။ သင်းအုပ်ဆရာ မရှိသောအချ်ိန်များ(သို့) သင်းအုပ်ဆရာတောင်းဆိုလာလျှင်
သင်းထောက်၊ ဥက္ကဌ မှတာဝန်ဦးဆောင်ရမည်။ သင်းထောက် ၊ဥက္ကဌ မရှိသောအခါများတွင်မူ
ဦးဆောင်တာဝန် ယူမည့်သူကို အသင်းတော်မှရွေးချယ်ရမည်။
(၆)
သင်းထောက်၏ ဝတ္တရား
(၁) အသင်းတော်၏ဝိညာဉ်ပိုင်းဆိုင်ရာ ကိစ္စများဖြစ်သည့်
ဝတ်ပြုကိုးကွယ်ခြင်းနှင့်အသင်းတော်မင်္ဂလာ
များခံယူရာ၌ သင်းအုပ်ဆရာကို
ကူညီရန်ဖြစ်သည်။
(၂) အသင်းတော်၏လူမှူရေး ကိစ္စရပ်များတွင် ဆရာနှင့် ပူးပေါင်း၍
ပါဝင်ဆောင်ရွက်ရမည်။
(၃) သင်းအုပ်ဆရာ မရှိသောအချိန်တွင် သင်းအုပ်နေရာ၌ တာဝန်ယူ
ဆောင်ရွက်နိုင်သူဖြစ်ရမည်။
(၇)
အသင်းတော်အတွင်းရေးမှူး
အသင်းတော်
အတွင်းရေးမှူးသည် အသင်းတော်၏ လှူပ်ရှားမှူ ကိစ္စအဝဝကိုမှတ်တမ်း
တင်ရမည်။အထူးတဖြင့် အသင်းတော်၏
အစည်းအဝေးတစ်ခုတွင် အမြဲမှတ်တမ်းတင်ရမည်။
အရေးကြီးသောအသင်းတော်စာရွက်စာ တမ်းများကိုထိန်းသိမ်းရမည်။
အသင်းသူအသင်
သားများစာရင်း မှန်ကန်စွာရှိနေစေရန်
အသင်းသာဖြစ်ခြင်းရက်စွဲ၊ အသင်းသားဖြစ်ပုံ၊
အသင်းဝင်ကြေး၊
နှင့် အသင်းသားဖြစ်ခြင်းမှ နှုတ်ထွက်ခြင်းများကို စစ်ဆေးရမည်။
(၈)
အသင်းတော်၏ ဘဏ္ဍာရေး ကဏ္ဍ
(က) အသင်းတော်၏ ဝင်ငွေ ရရှိမှုသည်
အောက်ပါအတိုင်းဖြစ်သည်။
(၁) အသင်းသူ၊သားများ၏ ဆယ်ဖို့တစ်ဖို့ ၊ အဦးသီး
ပေးခြင်း
(၂) ဝတ်ပြုအစည်းအဝေး၌ အလှူပေးခြင်း
(၃) တစ်ဦးချင်း ၊ မိသားစုများအလိုက်
ပါဝင်ပေးလှူခြင်း
(၄) အသင်းတော်၏ ရံပုံငွေရှာခြင်း စသည်တို့ ဖြစ်သည်။
(၉)
ဘဏ္ဍာရေးမှူး
(က) အသင်းတော်၏ ဘဏ္ဍာအားလုံးသည် Bank Account ထဲ၌အပ်နှံသိမ်းထားရမည်။
(ခ) ဘဏ္ဍာ ရေးမှူးသည် ငွေစာရင်းအား Computer နှင့်စာအုပ်တွင်လိုအပ်သလိုမှတ်
တမ်းတင်နိုင်သည်။ ၎င်း မှတ်တမ်းသည် နှစ်ဝက်နှင့် General Assembly အစီးအဝေး၌
အသင်းသူ၊အသင်းသား
အားလုံးထံ ငွေကြေးရှင်းတမ်းစာရင်းကို ပုံမှန်တင်ပြရမည်။
(၁၀)ဘဏ္ဍာရေး
စရင်းကိုင်
(က) အသင်းတော်မှ ရရှိသော အလှူငွေနှင့်
ဆည်ဖို့တစ်ဖို့ကို ဘဏ္ဍာရေးမှူး နှင့် စရင်းကိုင်တို့မှ
ရေတွက်ပြီး ထိန်းသိမ်းရန်။
(ခ) အသင်းတော်ဘဏ္ဍာကို သုံးစွဲမည်
ဆိုပါက ဘဏ္ဍာရေးမှူး နှင့် စာရင်းကိုင်ထံ မှ ထုတ်ယူရမည်။
(ဂ)အသင်းတော်မှ ငွေထုတ်လိုပါက
အထောက်အထား ကို စာရင်းကိုင်ထံပြသရမည်။
(၁၁)
ဘဏ္ဍာစစ် ( စရင်းစစ်)
(က) ဘဏ္ဍာရေးရာ
စစ်ဆေးတာဝန်ထမ်းသူများသည် နှစ်ဝက်တစ်ကြိမ် General Assembly
မတိုင်မှီ တစ်ကြိမ် ( နှစ်ကုန်) စစ်ဆေးရန်၊ General Assembly တွင်တင်ပြရမည်။
(ခ) စရင်းစစ်သူများသည် ဘဏ္ဍာရေးမှူးနှင့် စရင်းကိုင်တို့၏ လက်ကိုင်စရင်း နှစ်ခုစလုံးကို ပူးတွဲ
စစ်ဆေးရမည်။
(ဂ) ဘဏ္ဍာရေး စစ်ရေးရာတွင် အသင်းတော်၏ ဥက္ကဌ သို့မဟုတ် အတွင်းရေမှူး
ပါဝင်တက်ရောက်ရမည်။
(၁၂)အကြံပေး
ပုဂ္ဂိုလ်များ
(က) အသင်းတော်၏ အကြံပေး
ပုဂ္ဂိုလ်များသည် ၊ အသင်းတော်၏ လိုအပ်ချက်များကို ချက်ခြင်း
EC အားအသိပေး၊ အကြံပေးနိုင်သည်။
(ခ) အသင်းတော်၏ လိုအပ်ချက်အား
အမြဲစောင့်ကြည့်၍ အကြံပေးရန် အဆင်သင့်ရှိရမည်။
(ဂ) General Assembly တွင် မိမိတို့၏ အကြံအဉာဏ်များအား
ချပြရမည်။
(ဃ)ပြင်ပသတင်းအချက်အလက်များအားလည်း
နားစွင့်ကာ အသင်းတော်အတွက် အဆိုး၊
အကောင်းအား
အကြံပေးရမည်။
(င)အရေးပေါ်လိုအပ်ချက်ရှိလာပါက (EC) အား အသိပေးရမည်။
(၁၃)
သာသနာ ကဏ္ဍ
အသင်းတော်၏ သာသနာကို ပြည်တွင်း ၊ ပြည်ပ ဟူ၍( ၂)
ပိုင်း ခွဲထားသည်။
(က) ပြည်တွင်း။ ။ပြည်တွင်း သာသနာကို အသင်းတော်ရှိ ယုံကြည်သူများ ထံမှ
ယုံကြည်ခြင်းမျိုးစေ့နှင့် အသင်းတော်ဘဏ္ဍာ ကိုအသုံးပြုရန်
ဖြစ်သည်။
(ခ) ပြည်ပ ။ ။ပြည်ပ
သာသနာကို အသင်းတော်၏ တစ်နှစ် ဝင်ငွေ 10% သာ အသုံးပြုရန် ဖြစ်သည်။
(ဂ) အသင်းတော်၏ သာသနာ့ပေါင် မဟုတ်ပဲ
အခြားအသင်းတော်/ ဆရာ များမှ ဆက်သွယ်လာ
ပါက အသင်းတော်ရှိ ဆရာနှင့် EC များမှ ပြန်လည် ဆွေးနွေ ကြပါရန်ဖြစ်သည်။
(၁၄)အသင်းသားဖြစ်ခြင်း
အသင်းတော်၏ အသင်းသားဖြစ်ခြင်းကို အမျိုးအစား(၂)
မျိုးဖြင့် ခွဲထားပါသည်။
(၁)
အချိန်ပြည့်အသင်းသား နှင့်(၂) မိသဟာရ
အသင်းသား တို့ဖြစ်သည်။
(၁) အချိန်ပြည့်အသင်းသား ဆိုသည်မှာ
(က) အသင်းဝင်သူဖက်မှ တရားဝင် Member Form ဖြည့်စွပ် ပြီးသောသူဖြစ်ရမည် ။
A.အသင်းတော်၏သြဝါဒ ခံယူချက်ကို လက်ခံသူဖြစ်ရမည်။
B.သစ္စာရှိရှိဖြင့် အသင်းတော်ကို ထောက်ခံ၊ ကာကွယ်သောသူဖြစ်ရမည်။
C.ဘုရားသခင်၏ အမှူတော်မြတ်၌ အသင်းသူ/သားများနှင့် အတူတကွ
စိတ်အားထိုက်သန်စွာ
ပူးပေါင်းပါဝင်
ဆောင်ရွက်သူဖြစ်ရမည်။
(၂) မိဿဟာရ အသင်းသား ဆိုသည်မှာ-
(ခ) အသင်းတော်၏ Mamber from မဖြည့်သေး သူတိုင်းကို အသင်းတော်၏ မိဿဟာရ အသင်းသား
ဟုခေါ်သည်။
(၁၅)
အသင်းသား အဖြစ်မှ ရပ်နားခြင်း
(က) မိမိဆန္ဒ အလျှောက်သော်လည်းကောင်း၊
နေရာဒေသ ပြောင်းရွှေ့ ခြင်းကြောင့် သော်လည်း
ကောင်း အသင်းသား / သူ အဖြစ်မှ
ရပ်နားနိုင်သည်။
(ခ) အသင်းတော်၌ အကြောင်းကြားခြင်း
မရှိပဲ ခြောက် (၆) လအထက် ဝတ်ပြုခြင်း၌ ပျက်ကွက်သူ၊
(ဂ) ခေါ်တော်မူခြင်းခံရသူများ
အကျူံးမဝင်ပါ။
(ဃ)အသင်းသားတစ်ဦးဦးသည်
အခြားအသင်းတော်တွင် အသင်းသားအဖြစ်ခံယူသွားပါက
MCCB အသင်းတော်၏ အသင်းသားဖြစ်ခြင်းမှရပ်စဲရမည်။
(င) နာတာရှည်ရောဂါ(သို့)
ကျန်းမာရေးချို.တည့်သော်လည်းကောင်း။
တနင်္ဂနွေနေ့တွင် အလုပ်လုပ်
ရခြင်းကြောင့် ဘုရားကျောင်း မတက်ရောက်နိုင်ခြင်းများ
အကျူံမဝင်ပါ။သို့သော်၊ဘုရား
ကျောင်းမ တက်နိုင်သော်လည်း ဆယ်ဖို့တစ်ဖို့ပေးခြင်း၊အလှူငွေထည့်ခြင်းဖြင့်
သစ္စာရှိသောသူကို
အသင်းသားဖြစ်ခြင်းမှ
ဖယ်ရှားမည်မဟုတ်ပေ။
(၁၆)
အလုပ်အမှုဆောင် ဖွဲ့စည်းခြင်း
(က) အသင်းတော်၏
ရည်ရွယ်ချက်များလုပ်ဆောင်အကောင်ထည် ဖော်နိုင်ရန်၊ အောက်ပါအဖွဲ့
အစည်းများရှိရမည်။
(၁) အသင်းသူ ၊ အသင်းသားများ {General Assembly (GA)}
(၂) အလုပ်အမှုဆောင်များအဖွဲ့ {Executive Committee (EC)}
(၃) အမျိုးသမီးများအဖွဲ့
(၄) လူငယ်များ အဖွဲ့
(၅) Sunday School
(ခ) အသင်းတော်၏ လုပ်ငန်းတာဝန်နှင့် ဆုံးဖြတ်ချက်ချရာတွင်
အသင်းသူ/သားများနှင့်
EC မှ ဦးဆောင်ကာ လုပ်ဆောင်ရမည်။
(ဂ) အသင်းတော်လူကြီးများ
ရွေးကောက်ခြင်းသည် (၂) နှစ်တစ်ကြိမ် ပြုလုပ်ရမည်။
(၁၇)အလုပ်အမှုဆောင်များအဖွဲ့
EC အဖွဲ့ များသည် အသင်းတော်၏ ကိစ္စ ရပ်များ ကို တာဝန်ယူ ဆောင်ရွက်ရန်
အသင်းတော်
မှ ခွဲခန့်ထားသော အဖွဲ့အစည်းဖြစ်သည်။
1. ပ-ဒု ဥက္ကဌ
2. ပ-ဒု အတွင်းရေးမှူး
3. ပ-ဒု ဘဏ္ဍာ ရေးမှူး
4. စရင်းကိုင် တို့ဖြစ်သည်။
(၁၈)
အလုပ်အမှုဆောင်များအဖွဲ့၏ ဝတ္တရား
(က) နှစ် တိုင်း
အစည်းအဝေးပြုလုပ်ခြင်းရှိရမည်။ အခြားအသင်းတော်၏ ဌါနများနှင့်လည်း (၁)
တစ်ကြိမ်တွေ့ဆုံဆွေနွေး နိုင်သည်။ လိုအပ်သလို အရေးပေါ်
အစည်းအဝေးခေါ်နိုင်သည်။
(ခ) EC သည် အသင်းတော်၏ ပိုင်ဆိုင်မှု ဘဏ္ဍာရေးအား
အသင်းတော်အတွက် သုံးစွဲခွင့်ရှိသည်။
(ဂ) General Assembly တိုင်းမှာ EC က မိမိတို့၏
တာဝန်လုပ်ဆောင်မှုများအားတင်ပြရန်ဖြစ်သည်။
(ဃ) အသင်းတော်၏ အမျိုးသမီး၊ လူငယ်၊ Music ကဏ္ဍ တို့အား EC မှ လိုအပ်သလို
ကူညီပေးရမည်။
(င) အသင်းတော်၏ သင်းအုပ်ဆရာအား ပံ့ပိုး
ကူညီသူများ ဖြစ်ရမည်။
(စ) အသင်းတော်၏ ဝတ်ပြုခြင်း/
ညဝတ်ပြုခြင်း/ မင်္ဂလာဝတ်များတွင် သင်းအုပ် ဆရာ၏
ဦးဆောင်မှူအောက်၌ လိုအပ်သလို ပါဝင်ကူညီပေးရမည်။
(ဆ) အသင်းတော်၏ ဝတ်ပြုခြင်းတွင်
ယုံကြည်သူများအား ကြိုဆိုဧည့် ခံသူများဖြစ်ရမည်။
(၁၉)
အသင်းတော် လူကြီးများနှင့် လုပ်ပိုင်ခွင့်
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် အသင်းတော်ရှိ EC များမှ သီးသန့်ပြန်လည် ရွေးကောက်ပြီး အသင်း
တော်၌ဖြစ်စေ၊ အသင်းတော်၏ အပြင်လောက၌ ဖြစ်စေ အရေးပေါ် ကိစ္စရပ် တစ်ခုခု ပေါ် လာပါက
အသင်းတော်၏ ရံပုံငွေ သတ်မှတ်သည့် အရေအတွက် တစ်ခါလျှင် USD (၅၀၀) အောက် တရားဝင်
အသုံးပြုခွင့်
ပေးကြပါသည်။
Ø ဆရာ
Ø သင်းထောက်
Ø ဥက္ကဌ
Ø အတွင်းရေးမှူး
Ø ဘဏ္ဍာရေးမှူး
(၂၀)
အမျိုးသမီးများအဖွဲ့
အသင်းတော်၏ ခံယူချက်နှင့်မလွဲသော ၊ မိမိတို့(အမျိူးသမီးများအဖွဲ့) ဖွဲ့စည်းခြင်း၊ အလုပ်လုပ်
ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်း ရှိနိုင်သည်။
အစီအစဉ် အသစ်အဆန်း များရှိလာလျှင်
EC ၏ ခွင့်ပြုချက်ရယူပြီးမှ ပြုလုပ်ရမည်။
(၂၁)
လူငယ်များအဖွဲ့
(က) အသင်းတော်၏ ခံယူချက်နှင့် မလွဲဘဲ
မိမိတို့ (လူငယ်အဖွဲ့) ဖွဲ့စည်းခြင်း၊
ရံပုံငွေရှာခြင်း၊
အားကစား၊Music ၊ နှင့်လူငယ်များစည်းလုံးရန်
လုပ်ဆောင်နိုင်သည်။ အစီ အစဉ် အသစ်
အဆန်းများရှိပါက EC
၏ခွင့်ပြုချက်ရယူပြီးမှသာလျှင်
ပြုလုပ်ခွင့်ရှိသည်။
(ခ) Praise and Worship ၌ ဦးဆောင်ပါဝင်သူဖြစ်ရမည်။
(၂၂)
အသင်းတော်၏ Sunday School ကလေးများ
အသင်းတော်၏Sunday School ကလေးသူငယ်များသည် အသင်းတော်၏ ခံယူချက်နှင့်ကိုက်ညီသော
ဓမ္မပညာပေး ၊အခြားခရစ်ယာန်စာပေ၊ ကျမ်းစာ၌ ရှိသော ကျမ်းချက်များ နှင့် Sunday School ခရစ်ယာန်
ဓမ္မသီချင်း သင်ပေးရမည်။
သူတို့၏ အနာဂတ် ဝိညာဉ်ရေးရာ၌ ရင့်ကျက်၊ကြီးထွားလာအောင် သင်ပေးရမည်။
(၂၃)
အသင်းသူ/သား များ၏ တာဝန် ။
အသင်းတော်၏
ရည်ရွယ်ချက်( aims) ပန်းတိုင်ကိုရောက်ရှိရန် အသင်းသူ/သား
များအားလုံး၌ တာဝန်ရှိသည်။
(က) ယုံကြည်သူများဖြစ်သည့်အလျှောက်
မိမိအသက်တာ၌ အသက်ရှင်ခြင်း၊ စကားပြောခြင်း
လုပ်ဆောင်ခြင်းအားဖြင့်ပြသ အသက်ရှင်ရမည်။
(ခ) ခရစ်တော်၏ သတင်းကောင်းအားဖြန့်ဝေသူ၊
ဝေဌသူ နှင့် ပြန့်ပွါးစေသူ ဖြစ်ရမည်။
(ဂ) အသင်းတော်၏ ဝတ်ပြုခြင်း၊
ဆုတောင်းခြင်း၊ စည်းဝေးခြင်း၊ ကျမ်းစာသင်တန်းစသော
အသက်တာကြီးထွားရန်၌ ပါဝင်ရမည်။
(ဃ) အသင်းတော်၏ လူမှူရေး
ကိစ္စရပ်များတို့တွင်၊ အသင်းတော်လူကြီးများ၏ ဦး ဆောင်မှု
အောက်၌ တက်ကြွစွာပါဝင်ရမည်။
(င) အသင်းတော်၌ ဘုရားသခင်၏ ကောင်းကြီး
ဖြစ်သော အလှူငွေ၊ဆယ်ဖို့တစ်ဖို့၊အဦးသီး နှင့်
ယုံကြည်ခြင်း မျိုးစေ့ အား ပေးလှူရမည်။
(စ)ဘုရားကိုချစ်ပြီး အသင်းတော်၌
၊သစ္စာရှိစွာ ပါဝင်ရမည်။
(ဆ) အခြားသူ၊တစ်စုံတစ်ဦးမှ အသင်းတော်၏
ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းကို သိလိုသူရှိပါက
သက်ဆိုင်ရာ ခေါင်းဆောင်များ ကို အကြောင်းကြားပေးရမည်။
(ဇ) အသင်းတော်၏ အရေးကြီးသောအချို့၊
ဆုံးဖြတ်ချက်များ၊ ဖွဲ့စည်းပုံ နှင့် စည်းမျဉ်စည်း
ကမ်းများကိုလက်ဆင့်ကမ်းခြင်း
မပြုရန် အသင်းသူ အသင်းသားများ၏ တာဝန်ဖြစ်သည်။
(ဈ) အသင်းတော်၏ အဦးအသီး များသည်
အသင်းတော်၏ OB နှင့် EC များမှ စီမံခွဲ ရမည်။
(၂၄) Nomination
Committee
Nomination Committee သည် အသင်းတော်၏ အလုပ်အမှူဆောင်များကို
ရွေးချယ် ပေးသော အဖွဲ့ဖြစ်သည်။ ၎င်းNomination Committee များအား ၀၆-၀၁-၂၀၂၂ တွင် စတင်ဖွဲ့စည်းကြပြီး
၂၀၂၃
အသင်းတော်၏ ရွေးကောက်ပွဲမှစ၍ သူတို့၏
ရွေးချယ်ခြင်း အတိုင်း စတင်ကျင့်သုံးလာကြသည်။
(က)Nomination Committee ဖွဲ့စည်းခြင်း။
(၁) Nomination Committee သည် သင်းအုပ်ဆရာနှင့် သင်းထောက်တို့မှ
ရွေးကောက်ပွဲ၏
ခြောက်လ အလို၌အစဉ် ရွေးချယ်ပေးရမည်။
(၂) Nomination Committee အဖွဲ့ အား ပုဂ္ဂိုလ် (၅)ဦး
ဖြင့်ဖွဲ့စည်းပေးရမည်။၎င်းတို့နှင့် အတူ
အသင်းတော်၏ လက်ရှိ သင်းအုပ်နှင့် သင်းထောက်မှ ပါဝင်ကူညီပေးရမည်။
(ခ) တာဝန်။
၁။(၂) နှစ်တစ်ကြိမ် ရွေးကောက်ပွဲ အတွက် ရွေးကောက်ခံ အလုပ်အမှူဆောင်များအား
ကြိုတင်ရွေးချယ်ပေးရမည်။
၂။ ရွေးကောက် အလုပ်အမှုဆောင်များ၏ စရင်းများကို ရွေးကောက်ပွဲကျင်းပသည့်
နေ့ထိတိုင်
“သတင်း ပေါက်ကြား” ခြင်းမရှိရလေအောင်
ထိန်းသိမ်းထားရမည်။
၃။ Nomination
Committee ရွေးကောက်ပွဲ
မတိုင်မှီ တစ်ပါတ် အလို နောက်ဆုံး
အပြီးသတ်
ရွေးချယ်ပြီးသားဖြစ်ရမည်။
၄။ Nomination
Committee အဖွဲ့သည်
အသင်းတော်၏ အလုပ်အမှူဆောင်တရားဝင်
ရွေးကောက်ပွဲ ပြီးဆုံးပါက
၎င်းတို့၏ တာဝန်သည်လည်း အလိုအလျှောက် ပြီးဆုံး
မည်ဖြစ်သည်။
(ဂ) လုပ်ပိုင်ခွင့်များ ။
(၁) Nomination Committee သည် အသင်းတော်၏ စည်းမျဉ်းစည်းကမ်း ၊ယုံကြည်
ခံယူချက် နှင့်
အညီ ရွေးချယ်ပေးရမည်။
(၂) Nomination Committee မှ ရွေးချယ်တင်မြှောက်လာသော
အလုပ်အမှုဆောင်များအား
အသင်းတော်မှ လုံးဝ လက်ခံရမည်။
မှတ်ချက်(၂) ။ ။
ဤအသင်းတော်၏ ဖွဲ့စည်းပုံနှင့် စည်းမျဉ်း၊စည်းကမ်းများသည် အသင်းတော်၏
EC များမှ အသစ်အဆန်းများ ရှိပါက
ထပ်မံထည့်တွင်း၊ဖယ်ချ နိုင်သည်။
ဤ
ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်း နှင့် ယုံကြည်ချက်များ အားလုံးသည် ယနေ့ 04/ 09/ 2022မှစ
၍အသင်းတော်အတွင်း တရားဝင် အသုံးပြုမည်ဖြစ်သည်။ ထပ်မံဖြည့်စွပ် ၊
ပယ်ဖျက်လို ပါက EC
အားအကြောင်းကြား၍ ၊ EC မှလိုအပ်သလိုဆောင်ရွက်နိုင်သည်။နှစ်စဉ်
General Meeting ၌သာ
ပြန်လည် သုံးသပ်၍ ၊ဖြည့်စွပ်၊ ပယ်ဖျက်၊
အတည်ပြုခြင်း များပြုလုပ်မည်။
______________ ______________ ____________
Church Chairman Church Secretary Church Pastor
____________ _____________
Vice-Chairman Church Secretary