Thursday, December 9, 2021

အသင်းတော်၏ သုံးပါးတစ်ဆူ လက်ခံခြင်း

ဤအသင်းတော်သည် သုံးပါးတစ်ဆူ ဘုရား ဖြစ်ခြင်းကို ယုံကြည် လက်ခံပါသည်။ ဘုရားသခင်သည်သုံးပါးတစ်ဆူ ဘုရား ဖြစ်သည်။ သုံးပါးတစ်ဆူ ဘုရား နှင့်ပါတ်သက်၍ ခမည်းတော် ဘုရားသည် စီမံသူဖြစ်၍(တမန် ၂း၂၃၊ ယော ၈း၂၈-၂၉) ၊ သားတော်ဘုရားသည် စီမံချက်များကို အကောင်အထည် ဖော်သူ( ယော ၅း၃၆)၊ နှင့် 

သန့်ရှင်းသော ဝိညာဉ်တော် ဘုရားသည် ဖွင့်ပြသောသူဖြစ်ကြောင်း(ယော၁၆း၁၃) တို့တွင် တွေ့ရသည်။ ဤကဲ့သို့ လုပ်ဆောင်ချက် အခန်းကဏ္ဍကို ကြည့်ခြင်းဖြင့် ၊ သုးံပါးတစ်ဆူ ဘုရားကို ကွဲပြားခြားနားစေရန် ရှာဖွေခြင်း မဟုတ်သကဲ့သို့  ၊ အဆင့်အတန်း၊အခြေအနေ၊ဂုဏ်အရည်အချင်း  ကွဲပြားကြောင်း ဖော်ပြခြင်းမဟုတ်ပေ ။သုံး(၃) ပါးစလုံးသည် ဘုရားဖြစ်ပြီး ၊ အဆင့်အတန်း၊အခြေအနေ၊ဂုဏ်အရည်အချင်းတန်းတူဖြစ်သော၊ တစ်လုံးတစ်ဝ တည်းသော ဘုရားဖြစ်သည်။  နှုတ်ကပတ်တော် သမ္မာကျမ်းစာ လေ့လာရာတွင် ၊ သုံးပါးတစ်ဆူဖြစ်ခြင်း တိုက်ရိုက်ရေးသားဖော်ပြခြင်း မတွေ့ရသော်လည်း ၊လုပ်ဆောင်ခြင်း ကဏ္ဍများကို လေ့လာခြင်း အားဖြင့် သုံးပါးတစ်ဆူ ဘုရား ဖြစ်ခြင်းကို တွေ့ရှိနိုင်ပါသည်။ဘုရားသခင်သည် ကမ္ဘာဦးကျမ်း အစတွင်ပင် မိမိကိုယ်ကို သုံးနှုန်းရာ၌ ၊အများကိန်းကို သုံးနှုန်းထားပါသည်။ “ ငါတို့ ပုံသဏ္ဍာန်နှင့်တစ်ညီ’’ (က ၁း၂၆)၊ ဟုဆိုရာ၊ “ငါတို့’’ ဟူသော စကားသည် တစ်ဦးထက်ပိုသော စကားဖြစ်ကြောင်း ကို ရည်ညွန်းထားပါသည်။ (က ၁၁းရ၊ ၁၈း၁) ၊ထို့အပြင် ခရစ်တော်သည် ဗတ္တဇံကို ခံယူစဉ်တွင် ၊ သုးံပါးတစ်ဆူ  ဖြစ်ခြင်းကို ပို၍ မြင်စေခဲ့ပါသည်။( မ ၃း၁၆-၁၇)။

(က) ခမည်းတော်ဘုရား ( father)

          ခမည်းတော်ဘုရားသည် ကြံစည်သူဖြစ်သည်။(တ ၂း၂၃၊ယော ၈း၂၈-၂၉)။ ယေရှုခရစ်တော်ဘုရား၏ လောက၌ အမှုတော်ဆောင်စဉ်အခါ ၊ သုံးနှုန်းသော စကား၌  “ငါ့ခမည်းတော် ၊ခမည်းတော်’’ဟုဆိုလေ့ရှိသည်။ “ငါ့ခမည်းတော်သည်၊ ယခုတိုင်အောင် အလုပ်လုပ်တော် မူသည်ဖြစ်၍ ’’ (ယော ၅း၁၇) ဟု၄င်း၊ထို့အပြင်(ယော ၅း၄၅) တွင် ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကို အပြစ်တင်မည်ဟု မထင်ကြနှင့်  စသောကျမ်းပိုဒ်အပြင်၊ (ယော ၁၄း၉  ၊ ၁၄း၆-၇ ၊ မဿဲ ၂၈း၁၉ ၊ မိက္ခ  ၁၃း၃၂ ၊ ၁ကော ၈း ၆ ၊ ယော ၂၀း၁၇ ၊မဿဲ ၁၁း၂၇) တို့တွင်လည်းတွေ့ရပြီး ၊ တမာန်တော်များ၏ ကျမ်းစာစောင်များ၌လည်း ၊ ခရစ်တော်ဘုရား၏ခမည်းတော်၊ သခင်ယေရှုခရစ်နှင့် ငါတို့ အဘ တည်းဟူသော ဘုရားသခင်ထံ’’ စသော တမန်တော်များ၏စကားချီများတွင် တွေ့ရလေ့ရှိသည်။

(ခ) သားတော်ဘုရား( ယေရှု ခရစ်တော် ဘုရား)။ (the son of God)

       လူ့ဇာတိခံ ယူထားသော ယေရှု ခရစ်တော် ဘုရားသည် ၊ လူသူတော်ကောင်းမှ ဘုရားဖြစ်ခြင်း မဟုတ်ပေ။ ဘုရားအဖြစ်မှ၊ လူ့ဇာတိခံယူသော ဘုရားဖြစ်သည်။ ( ယော ၁း၁,၁၄၊ ၁၄း၈-၉၊ဟေ ၁း၃) ၊ အရာခပ် သိမ်းမရှိမှီ တည်ရှိသော ဘုရားဖြစ်ပြီး ဖန်ဆင်းရှင်ပင် ဖြစ်ကြောင်းကို တွေ့ရပါသည်။ “ ထိုသားတော်သည် ကောင်းကင်အောက် မြေကြီးပေါ်မှာ ရှိသမျှသော ရှုပအရာ ၊ အရှုပအရာ ၊ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊    ထွန် အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ရှင်းတော်မူ၏ဟု ဖော်ပြထားပါသည်။(ကော ၁း၁၆)။ယေရှုခရစ်တော် ဘုရားသည် ၊ ခမည်းတော်၏ အကြံ အစည်အား အကောင်းအထည်ဖော်ပြဆောင်ရွက်သောသူဖြစ်သည့် အကြောင်းကို တွေ့ရပါသည်။ (ယော ၈း၂၈-၂၉)။ ဘုရားသခင်၏ စီမံကိန်း တွင် ခရစ်တော်၏ လူသားများအား ကယ်တင်ခြင်းပြုမည်အကြောင်းအား ကမ္ဘာဦးကျမ်းတွင်ပင် တွေ့ရှိရသည့် အပြင်ခရစ်တော်ဘုရားသည် အကောင်အထည် ဆောင်ရွက်သူဖြစ်ကာ လူသားများ အတွက် ဘုရားသခင်၏ အကြံစည်ကို ပြည့်စေသောသူဖြစ်သည်။

              လူသားများ ကြုံတွေ့ ခံစားရမည့် သေခြင်း(သေပြစ်) အတွက် ခံပေးခဲ့ကြောင်း တွေ့ရသည်။(၁ပေ ၂း၂၄၊၂ကော ၅း၂၁)၊ ရွေးနှုတ်ပေးသူဖြစ်ကြောင်းကို ၊(ကော ၁း၁၃-၁၄၊ကော ၆း၂၀၊ရော ၃း၂၃-၂၅)၊ပြန်လည် သင့်မြတ်စေသူ ဖြစ်ကြောင်း ၊ ( ရော ၅း၁၀ ၊ ဧဖက် ၂း၃ ၊ ၂း၄-၅ ၊ ၂း၁၄-၁၅ ၊၂ကော ၅း၁၈-၂၁)၊ထာဝရ ယဇ်ပုရော ဟိတ်ဖြစ်ကြောင်း ( ဟေဗြဲ  ၅း၄-၁၀ ၊ ရး၅-၂၈ ၊ ၂ း ၁၇ ၊ ၄ း ၁၄-၁၅ ၊ ၆း ၂၀၊ ရး၃-၂၄)၊သိုးထိန်းကြီး ဖြစ်ကြောင်း (ယော ၁၀ း ၁၁-၁၆ ၊ ဟေဗြဲ ၁၃း၂၀ ) ၊  အသင်းတော်၏ ဦးခေါင်း အဖြစ်( ဧဖက် ၁း၂၂ - ၂၃ ၊ ၄း၁၅ ၊ ၅း၂၆-၂၇ ၊ ကော ၁း၁၈ ၊ ၁ကော ၁၂း၁၃၊ ဗျာ ၁၉းရ-၁၆ ) ၊ ဒုတိယအကြိမ် ဘုရင်တကာ တို့၏ ဘုရင် ၊သခင်တကာ တု့ိ၏ သခင် အဖြစ် ကြွလာမည့် ဘုရားဖြစ်ကြောင်းကို တွေ့ရသည်။ (ဗျာ ၁၉း၁၁-၁၆ ၊ ၁၇ း ၁၄ ၊ ၁ း ၅ )။

(ဂ) သန့်ရှင်းသော ဝိညာဉ် ဘုရား။( the holy Spirit)။

 သန့်ရှင်းသော ဝိညာဉ်တော် ဘုရားသည်၊ သုံးပါတစ်ဆူအနက် တပါးဖြစ်သည်။ ၄င်း၏ဖြစ်သည် မှုသည်ဘုရားသခင်၏တန်းခိုး (ဝါ) ဘုရားသခင်၏ လှုပ်ရှားမှုတို့ကို ပြဆိုရာတွင် အသုံးပြုသော ဘွဲ့နာမ တစ်ခု သက်သက် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ် ဘုရား ဖန်ဆင်းခြင်းအစ ကနဦးကပင် ပါဝင်ကြောင်းကို တွေ့ရသည်။(ကမ္ဘာ ၁း၂ ၊ယောဘ ၃၃း၄ )၊၊  အထူးသဖြင့် ခရစ်တော်ဘုရား၏ လုပ်ဆောင်မှု ကဏ္ဍတွင် ဝိညာဉ်တော် ဘုရား၏ တန်းခိုးပေး လုပ်ဆောင်ခြင်းများကို များစွာတွေ့ ရသည့်အပြင်၊ တမန်တော်များ၏ လက်ထက်တွင်လည်းထင်ရှားစွာ လုပ်ဆောင်ခဲ့ကြောင်းတွေ့ ရပါသည်။ ( ၁ကော ၁၃း၁၂ ၊ ၂ း ၁၂-၁၆ ၊လု ၁၂း၁၁-၁၂ ၊ ဟေဗြဲ၃ း ၇ -၈ ၊ တမန် ၈း၃၉ ၊လု ၄း၁၈ ၊ ၁း၂၇-၃၅၊။ သန့်ရှင်းသော ဝိညာဉ် ဘုရားသည် ယုံကြည်သူများအား ချီဆောင်ခြင်းကာလ နေ့ရက်တိုင်အောင်တံဆိပ်ခပ် ထားသော ဘုရားအဖြစ်တွေ့ရသည်။ ( ဧဖက် ၁း ၁၃-၁၄)။ ထိုသူသည် ယုံကြည်သူများအားနှုတ်ကပါတ်တော်နှင့် ဘုရားအလိုတော်ကို ဖွင့်ပြခြင်းများ ပြုလုပ်ပေးကြောင်း ( ယော ၁၆း၁၃ ၊မိက္ခ ၃း၈၊မဿဲ ၂၂း၄၂-၄၃ ၊တမန် ၁း၁၆ ၊ ၄း၂၄-၂၅ ၊၂၈း၂၅-၂၆) ၊ လမ်းညွှန်မှုပေးခြင်း (တမန် ၁၆း၆-၁၂ )၊ နားလည် သဘောပေါက် စေသော ဘုရား ( ၁ကော ၁၂း၁၁ ၊၁၃း၁၂)၊နှုတ်ကပါတ်တော် ကို မှုတ်သွန်းကြောင်း(၁ပေ ၁း၂၁၊ ၂တိ ၃း၁၆-၁၇၊ တို့တွင် တွေ့ရသည်။ ဝိညာဉ်တော် ဘုရားသည် ယုံကြည်သူများအား မစကူညီသော ဘုရားဖြစ်သည့် အလျှောက် ( ရောမ ၈း၂၆-၂၇) ၊ ဝိညာဉ်တော် အား စိတ်နာစေခြင်း မခံရကြောင်းကို(မာ ၃း၂၉၊ ဧဖက် ၄း၃၀ ၊ဟေရှာ ၆၄း၁၀)၊ တို့တွင် တွေ့ ရသည်။


          သုးံပါးတစ်ဆူ ဘုရားသည် တစ်ဆူတည်းသော ဘုရားဖြစ်သည်။ ဘုရားသခင်၏ အတွင်းပိုင်းကျကျလုပ်ဆောင်ချက်တို့၏ သဘောသဘာဝအား မသိရှိနိုင်သကဲ့သို့ သုံးပါးတစ်ဆူ ဝေါဟာရ စကားကို ၊ပြည့်စုံစွာ အဓိပ္ပာယ်ပွင့်ဆိုရန် ခက်ခဲလှ ပါသည်။


                     

No comments:

Post a Comment